Home
မြန်မာသတင်း
ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်မပြုဟု ဒုဝန်ကြီးပြော
DVB
·
November 19, 2016
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း မော်တော် ဆိုင်ကယ်စီးနင်းခွင့်မပြုဘူးလို့  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။ နိုဝင်ဘာလ ၁၇ ရက် ပြည်သူ့လွှတ်တော်မှာ ရွှေပြည်သာအမတ်ဦးဉာဏ်လင်းရဲ့ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ် စတဲ့ မြို့သစ်တွေနဲ့ ယာဉ်ကြောပိတ်ဆို့မှုမရှိတဲ့ ဆက်စပ်မြို့နယ်တွေမှာ မော်တော်ဆိုင်ကယ်စီးနင်းခွင့်ပြုဖို့နဲ့ အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို ဒုဝန်ကြီးက အခုလို ပြန်လည်ဖြေဆိုသွားတာပါ။ ရန်ကုန်တိုင်းအတွင်း မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိတဲ့အနက် ၃၁ မြို့နယ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဧရိယာအတွင်းမှာရှိပြီး ၂၀၁၄ နိုဝင်ဘာ ၁၃ ရက်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းခွင့်ပြုချက်မရှိဘဲ ဆိုင်ကယ် စီးနင်းဝင်ရောက်ခြင်း မပြုရ အမိန့်ထုတ်ပြန်ခဲ့တာ ရွှေပြည်သာမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တို့ ပါဝင်တယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။ လူဦးရေထူထပ်တဲ့ အဲဒီ မြို့နယ်တွေမှာ ဆိုင်ကယ်စီးနင်းတာကြောင့် ပြည်သူတွေ ဘေးအန္တရာယ်ဖြစ်စေနိုင်လို့ လတ်တလောအခြေအနေအရ ဆိုင်ကယ်စီးနင်းခွင့် ပြုနိုင်ခြင်း မရှိသေးကြောင်းနဲ့ လိုင်စင်ထုတ်ပေးခြင်းမရှိကြောင်း ဒုဝန်ကြီးက ဖြေဆိုသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024