DVB Logo
Home
မြန်မာသတင်း
ဆနၵျပလယ္သမားမ်ား အာမခံ ပယ္ခ်ခံရ
DVB
·
November 11, 2011
ဆနၵျပလယ္သမားမ်ား အာမခံ ပယ္ခ်ခံရ
1 / 2
Donate to DVB

လယ်ယာမြေအသိမ်းခံရတဲ့အတွက်  ဆန္ဒပြခဲ့ကြတဲ့ လယ်သမားတွေက သူတို့ကို  ဖမ်းဆီးထောင်ချတာတွေ​ မလုပ်ဘဲ အာမခံပေးဖို့ တောင်းဆိုချက်ကို  ဗိုလ်တထောင် တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့လက ဆန္ဒပြခဲ့​တဲ့​ လယ်သမားများ အပါအ၀င်  ၇ ဦးက အာမခံပေးဖို့ ​လျှောက်ထားခဲ့ရမှာ  ဗိုလ်တ​ထောင်​ ​တရားရုံးက ဒီကနေ့မှာ ပယ်ချလိုက်တာပါ။

အမှုပယ်ချခံရတာနဲ့ ပတ်သက်ပြီး  လယ်သမားတွေရဲ့ ဥပဒေအကျိုးဆောင် ကိုဖိုးဖြူက​ “အခုလတ်တလောမှာ အာမခံနဲ့ နေတယ်။ ချိန်းဆိုထားတဲ့ ရုံးချိန်းအတွက်ကို ကိုယ်တိုင်​ ခံဝန်ချက်​ ​ပေးမယ်။ နောက်ရုံးချိန်းတွေ​ အတွက်ကို အာမခံတဲ့သူနဲ့မှ ပေးမယ်ဆိုတဲ့ အမိန့်ကို ကျနော်တို့ တောင်သူလယ်သမားတွေက မကျေနပ်ကြပါဘူး။

“ဒါကြောင့် ကြားထဲမှာ ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ရုံးချိန်း ၂၂ ရက်မတိုင်ခင် ဆက်တက်မှာဖြစ်ပါတယ်။ ဒီအမိန့်ဟာ လွဲမှားတယ်။ မှားယွင်းတယ်။ ဥပဒေအရဆိုရင် အာမခံ ပေးကိုပေးရမယ့် အမှုဖြစ်တယ်။ ကိုယ်ပိုင်ခံဝန်ချက်ကိုပဲ အာမခံပေးနိုင်တဲ့ အမှုလည်းဖြစ်လျက်သားနဲ့ကို အာမခံတောင်းတာဟာ ဥပဒေကြောင်းအရ မှားယွင်းတယ် ဆိုတာကို ကျနော်တို့တွေ ပြင်ဆင်မှု ဆက်လက် တင်သွင်းမှာလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အာမခံရာမှာ ကိုယ်ပိုင်ခံဝန်ချုပ် အာမခံနဲ့ ပစ္စည်းအာမခံဆိုပြီး နှစ်မျိုးရှိရာမှာ လယ်သမားတွေဟာ ပစ္စည်းအာမခံမပေးနိုင်တဲ့အတွက်   ကိုယ်ပိုင်ခံဝန်ချုပ်နဲ့ အာမခံပေးဖို့ တရားရုံးကို လျှောက်ထားခဲ့တာပါ။

အောက်တိုဘာလ ၂၇ ရက်နေ့က ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းမပေါ်က မြို့ရွာနဲ့ အိုးအိမ်ဦးစီးဌာန ရုံးရှေ့မှာ လယ်သမား ၁၁၂ယောက်က ဆန္ဒပြခဲ့ကြတဲ့အတွက် ကိုဖိုးဖြူနဲ့ ၆ ဦးကို ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ တရားစွဲခံထားရတာပါ။

ဗိုလ်တထောင်တရားရုံးကနေ မတရားသဖြင့် အမိန့်ချမှတ်ခံရရင်တော့ အဖမ်းခံဖို့ အသင့်ပါပဲလို့ ပြောပါတယ်။

“ကျနော် ဥပဒေ အကြံပေးတဦး အနေနဲ့ကတော့ ခံဝန်ချက် ပေးနိုင်လောက်အောင်၊ အာမခံ ပေးနိုင်လောက်အောင် ကျနော်တို့မှာ ပြည့်စုံမှု မရှိပါဘူး။ ဒီအတွက်ကြောင့်မို့ ချမယ်ဆိုရင်လည်း ခံယူဖို့ အသင့်ပါပဲ။”

ဒဂုံမြို့သစ် သုံးမြို့နယ်က တောင်သူလယ်သမား တထောင်ကျော်ရဲ့ လယ်ဧက ၆ သောင်းကို မြို့ရွာနဲ့ အိုးအိမ်ဦးစီးဌာနက ၁၉၈၉ ခုနှစ်ကတည်းက သိမ်းယူခဲ့တာပါ။

တရားစွဲခံထားရသူတွေကတော့ ကိုဖိုးဖြူ၊ လယ်သမားတွေဖြစ်တဲ့ ဦးညို၊ ဦးစိုးနိုင်၊ ဦးခင်ထွေး၊ ဦးအောင်မြင့်၊ ဦးသိန်းထွန်းနဲ့ ဆန္ဒပြပွဲကို ရပ်ကြည့်မိတဲ့ အချက်အပြုတ် နည်းပြဆရာ ဦးသီအောင်တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013