တက်ကြွလှုပ်ရှားသူ ကိုရာပြည့်ကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် ထောင် ၆ လချ

ဆရာတော် ဦးဝီရသူနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို ပုတ်ခတ်စော်ကားတယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ တက်ကြွလှုပ်ရှားသူ ကိုရာပြည့် (ခ) ကိုမျိုးဝင်းသူကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ မှော်ဘီမြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ ကိုရာပြည့်ကို မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီမှ ဒေါ်သီရိနေလင်းက အမှုဖွင့် တရားစွဲထားတဲ့ အမှုဖြစ်ပြီး ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့်ပြုလိုက်တဲ့အတွက် မကြာခင် ပြန်လည်လွတ်မြောက်လာဖို့ ရှိပါတယ်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဟာ ပြည်သူကိုအကာကွယ်ပေးတဲ့ ဥပဒေမဟုတ်ဘဲ အဖွဲ့အစည်းတခုခုကိုသာ အကာအကွယ်ပေးတဲ့ ဥပဒေဖြစ်တယ်၊  အမြန်ဆုံး ပြန်လည်ပြင်ဆင်သင့်တဲ့ ဥပဒေဖြစ်တယ်လို့ ကိုရာပြည့်က တရားရုံးမှာ ပြောကြားခဲ့ပါတယ်။ ဆရာတော် ဦးဝီရသူနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပုတ်ခတ်စော်ကားတဲ့ စာသားတွေ တင်တယ်ဆိုပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုရာပြည့် ခေါ် ကိုမျိုးဝင်းသူကို ရန်ကုန်တိုင်း မှော်ဘီရဲစခန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ မေလ ၂၂ ရက်နေ့ကတည်းက  ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up