မောင်တောတိုက်ပွဲကြောင့် စစ်ရှောင်ဒုက္ခသည်များ ဘူးသီးတောင်မြို့ကို ထပ်မံရောက်ရှိ









2.3K
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနေတဲ့အတွက် ဒေသခံတချို့ ဘူးသီးတောင်မြို့ကို တိမ်းရှောင်လာနေပြီး နိုဝင်ဘာ ၁၇ ရက်နေ့မနက်ပိုင်းထိ မိသားစု ၁၀ စု၊ လူဦးရေ ၃၆ ဦး ရောက်ရှိလာပါတယ်။
ပထမအကြိမ် ရောက်ရှိနေတဲ့ မိသားစု ၃၆ ခုက လူဦးရေ ၁၀၉ ယောက်ရှိပြီး အချို့က နေရပ်ကို လုံးဝမပြန်တော့ဘူးလို့ ပြောပါတယ်။
ဘူးသီးတောင်မြို့က သုဓမ္မာရုံကျောင်းမှာ ယာယီနေရာလုပ်ပေးထားပြီး လူဦးရေထပ်များလာရင် သူတို့အတွက် နေထိုင်ဖို့နဲ့ ကျန်းမာသန့်ရှင်းရေးကိစ္စ အခက်အခဲဖြစ်နေပါတယ်။
သုဓမ္မာရုံ ကျောင်းတိုက်မှာ လောလောဆယ် ခိုလှုံနေသူ မိသားစု ၄၆ စုရှိနေပြီး လူဦးရေ ၁၄၅ ဦး ရှိနေပါတယ်။ အများစုက အမျိုးသမီး၊ ကလေးငယ်တွေနဲ့ မကျန်းမာသူတွေ ဖြစ်ကြပါတယ်။
သတင်းဓာတ်ပုံ - ကိုအောင်