Home
မြန်မာသတင်း
ရထားနှင့် ကားတိုက်မိ၊ ၁ ဦး သေဆုံး (ဓာတ်ပုံ)
DVB
·
November 16, 2016
15134547_1875951026024587_1206876147062396666_n
15078664_1875950592691297_2553918847668937261_n
15055690_1875950062691350_420966221237059552_n
15055690_1875950062691350_420966221237059552_n-1
15027613_1875950112691345_8991865774123553586_n
မုံရွာမြို့ မုံရွာတောင်ရပ်ကွက် ပြည်ထောင်စုလမ်းမှာ နိုဝင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက မီးရထားနဲ့ ၆ ဘီး ကုန်ကားဝင်တိုက်မိရာမှ ကားအတွင်းရှိ ယာဉ်နောက်လိုက် ၁ ဦး သေဆုံးခဲ့ပါတယ်။ စက်ခေါင်းမောင်း ဦးစိုးဝင်းမောင်းနှင်လာတဲ့ စက်ခေါင်းအမှတ် DD 946 အမှတ် ၁၂၅ အဆန်လော်ကယ်ရထားနဲ့ ကနီမြို့နယ်၊ မှုတ်ချောင်းကျေးရွာမှ ငြိမ်းချမ်း ၂၈ နှစ် မောင်းနှင်လာတဲ့ ၂ခ/၉၆၈၈ 4D ကောင်တာအဖြူရောင် ၆ ဘီးကားတို့ တိုက်မှုဖြစ်ပွားခဲ့တာပါ။ အဆိုပါကုန်ကားဟာ ညောင်ကိုင်းအင်းဖြတ်လမ်းမှတဆင့် ပြည်ထောင်စုလမ်းပေါ်အတက် သံလမ်းကို ဖြတ်ကူးရာမှ ပခုက္ကူ-မုံရွာအဆန် မီးရထားနဲ့ အခုလို ကန့်လန့်ဖြတ်ဝင်တိုက်မိခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် ယာဉ်နောက်လိုက် အဲဖိုး ၂၅ နှစ် မှာ ကားအောက်ပိတ်မိနေခဲ့ကာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက အချိန် ၁ နာရီကျော်ကြာ ကရိန်း ၂ စီးနဲ့ မထုတ်ခဲ့ပြီး ဆေးရုံပို့ဆောင်စဉ် သေဆုံးသွားခဲ့ပါတယ်။ မီးရထားအား ဝင်တိုက်ခဲ့တဲ့ ကုန်ကားယာဉ်မောင်းကို မီးရထားဦးစီးဌာနမှ မီးရထားပို့ဆောင်ရေးဥပဒေ ပုဒ်မ ၈၅ နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။ ဓာတ်ပုံ - ရန်နိုင်စိုး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024