ရခိုင်တွင် တာဝန်ထမ်းဆောင်ရန် ရဲတပ်သားအင်အား ၁၁၆ ဦးကို သင်တန်းပို့ချ
DVB
·
November 16, 2016
ရခိုင်ပြည်နယ်၊ မြို့နယ်အသီးသီးမှာ တိုးချဲ့တာဝန်ထမ်းဆောင်ဖို့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကို ဒီကနေ့မှာ စတင်ပြီး သင်တန်းပေးခဲ့ပါတယ်။
ဒီကနေ့ သင်တန်းကို ရဲတပ်သားအသစ် ၁၁၆ ဦးနဲ့ သင်တန်း အမှတ်စဉ် (၂၉၇/၂၀၁၆) သင်တန်းပေးခဲ့တာဖြစ်ပြီး၊ သင်တန်းကာလ ၆ လ ပြီးတာနဲ့ မောင်တော၊ ဘူးသီးတောင် အပါအဝင် မြို့နယ်တွေမှာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
သတင်း၊ဓာတ်ပုံ- ဝဏ္ဏခွာညို