Home အာရှဒေသ `ကမ္ဘာ့လူဦးရေ သန်း ၇၀၀၀ ပြည့်ပြီ´ <br />အိန္ဒိယနိုင်ငံ၏ လူဦးရေအဆမတန်တိုးပွားလာမှုနဲ့ ရင်းမြစ်ရှားပါးလာမှု
`ကမ္ဘာ့လူဦးရေ သန်း ၇၀၀၀ ပြည့်ပြီ´ <br />အိန္ဒိယနိုင်ငံ၏ လူဦးရေအဆမတန်တိုးပွားလာမှုနဲ့ ရင်းမြစ်ရှားပါးလာမှု
india_population_web_111105 ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကမ္ဘာ့ လူဦးရေ သန်း ၇ ထောင် ပြည့်ခဲ့ပြီး၊ လူဦးရေ သမိုင်းမှတ်တိုင်သစ်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီ အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂက ဖိလစ်ပိုင်နိုင်ငံမှာ မွေးဖွားတဲ့ ကလေးကို သန်း ၇ ထောင်မြောက် ကမ္ဘာ့လူသားအဖြစ် ကြေညာခဲ့ပါတယ်။ အိန္ဒိယကလည်း ကမ္ဘာပေါ်မှာ ဒုတိယလူဦးရေ အများဆုံးနိုင်ငံဖြစ်တာမို့ ကလေးအခွင့်အရေးအဖွဲ့က ဥတာပရာဒစ် ပြည်နယ်ရဲ့ ဆင်းရဲတဲ့ မိသားစုတစုမှာ မွေးဖွားတဲ့ မိန်းကလေးကို သန်း ၇ ထောင်မြောက် ကလေး အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်က အိန္ဒိယရဲ့ တိုးတက်များပြားနေတဲ့ လူဦးရေကို အမြန်ဆုံးထိန်းချုပ်ဖို့ လိုအပ်နေတာကို ဖော်ပြတဲ့ အကြောင်း ‘ဘစ်မီလ်လာ ဂီလာနီ’ (Bismillah Geelani) က သတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။
ဆက်စပ်သတင်းများ