တကိုယ်ကောင်းဆန်သည်ဟု ဝေဖန်ခံရမှုအပေါ် အင်္ဂလန်တိုက်စစ်မှူး စတာရစ် တုံ့ပြန်

1.1K
တကိုယ်ကောင်းဆန်တယ်လို့ ဝေဖန်တာဟာ တရားမျှတမှုမရှိဘူးလို့ အင်္ဂလန်တိုက်စစ်မှူး စတာရစ်က တုံ့ပြန် ပြောကြားလိုက်ပါတယ်။
တိုက်စစ်မှူး စတာရစ်ဟာ အင်္ဂလန်က စကော့တလန်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အသင်းဖော်တွေကို ဘောလုံးပေးပို့မှု ၁၇ ကြိမ်သာရှိခဲ့ပြီး ပွဲချိန် ၂၃ မိနစ်အထိ ဘောလုံးမထိခဲ့တာကြောင့် ပရိသတ်တွေက တကိုယ်ကောင်းဆန်တဲ့ ကစားသမားလို့ ဝေဖန်နေကြတာပါ။
ဒီလိုဝေဖန်မှုတွေဟာ မိမိအတွက် တရားမျှတမှုမရှိဘဲ အသင်းနဲ့၊ ကစားသမားတွေနဲ့ တွဲဖက်ကစားတယ်လို့ စတာရစ်က ဆိုပါတယ်။
တကိုယ်ကောင်းဆန်တဲ့ ကစားသမားလို့ ဝေဖန်နေတာကို ဂရုစိုက်နေမှာမဟုတ်ဘဲ မိမိဟာ အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့တာကြောင့် ဂိုးသွင်းခွင့်ဖန်တီးပေးဖို့ လိုအပ်သလို ဂိုးသွင်းနိုင်ဖို့လည်း လိုတယ်လို့ စတာရစ်က ပြောပါတယ်။