DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
အထက်ညွှန်ကြားချက်ကို မလိုက်နာဘဲ လမ်းတံတားကြေးများ တိုးမြှင့်ကောက်ခံနေ
DVB
·
November 10, 2011
အထက်ညွှန်ကြားချက်ကို မလိုက်နာဘဲ လမ်းတံတားကြေးများ တိုးမြှင့်ကောက်ခံနေ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းတံတား အသုံးပြုခတွေကို တိုးမြှင့်ကောက်ခံခြင်းမပြုဘဲ အရင်နှစ်အတိုင်းသာ ​ကောက်ခံဖို့ ကြေညာချက် ထုတ်ပြန်ထားပေမယ့် ရန်ကုန်-သံလျှင်​ တံတားကြေးကို အသစ်နှုန်းအတိုင်း ခရီးသည်တင် ကားကြီးတွေအတွက် မက်စ်မြန်မာ ကုမ္ပဏီက ၀န်ထမ်းတွေဟာ အရင် ကျပ်တရာမှ ကျပ်နှစ်ရာသို့ ဆက်လက် ကောက်ခံနေဆဲ ဖြစ်ပါတယ်။

တံတားကြေး ကောက်ခံတဲ့နေရာမှာလည်း ပြေစာကို တောင်းမှ ပေးပါတယ်။ ပေးတဲ့အခါမှာလည်း ငွေပမာဏကို ထည့်ပေးဖို့ ထပ်ပြောမှ ထည့်ပေးပါတယ်။ လမ်းတံတားကြေး ကောက်ခံတဲ့ နေရာတွေအနက် ရန်ကုန်-သံလျင် တံတားမှာ တော်တော်နာမည်ဆိုး ထွက်နေပါတယ်။ ပြည်သူတွေက ကန့်ကွက်ပြောဆိုနေပေမယ့် လုံးဝ ဂရုမစိုက်ပါ။

အခုလိုအစိုးရအဖွဲ့ရဲ့ ကြေညာချက်ကို ဆန့်ကျင်တာဟာ နိုင်ငံတော်တည်ငြိမ်ရေးကို ဖျက်ဆီးနေတာလို့လည်း ယူဆမိပါတယ်။ ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဒိကိစ္စများကို သိလျက်နဲ့ အရေးမယူတာဟာ မက်စ်မြန်မာ ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့ အရှိန်ကို မလွန်ဆန်ရဲတဲ့အတွက်လို့ ယူဆနိုင်ပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားတာကို မလိုက်နာဘဲ အခုလို ကောက်ခံနေတာဟာ ပြည်သူတွေနဲ့ အစိုးရအဖွဲ့ကြား ယုံကြည်မှုကို ပျက်ပြားစေနိုင်ပါတယ်။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေချိန်မှာ ကြားခံ အတားအဆီးတွေကြောင့် တိုးတက်မှု နှေးကွေးစေနိုင်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အောက်ခြေနဲ့အထက် အချိုးမျှတစွာ လုပ်ဆောင်သွားမှ ထိရောက်မှု ရှိနိုင်မယ်လို့ ယူဆပါတယ်။

အခုလို ညွှန်ကြားချက်တွေကို မလိုက်နာဘဲ လမ်းတံတားကြေးတွေကို တိုးမြှင့်ကောက်ခံနေတဲ့ကိစ္စကို သက်ဆိုင်ရာ ကုမ္ပဏီ အကြီးအကဲတွေ မသိပါက သိရှိစေဖို့နဲ့ သိရှိပါက အများပြည်သူနဲ့ ကုမ္ပဏီအကြား ယုံကြည်မှု မပျက်ယွင်းစေဖို့ ဒီဗွီဘီကနေတဆင့် တင်ပြလိုက်ပါတယ်။

ကုန်ကားပိုင်ရှင်တဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013