DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့လယ်ခေါင် ၈ ပေအရှည် စပါးကြီးမြွေ ဖမ်မိ
DVB
·
November 13, 2016
မုံရွာမြို့လယ်ခေါင် ၈ ပေအရှည် စပါးကြီးမြွေ ဖမ်မိ
Donate to DVB

မုံရွာမြို့ ရုံးကြီးရပ်ကွက်ရှိ သာသနာဗိမာန်အတွင်း ၈ ပေခန့်အရှည်ရှိတဲ့ စပါးကြီးမြွေတကောင်ကို နိုဝင်ဘာ ၁၁ ရက် နေ့လယ်အချိန်က တွေ့ရှိကာ ဖမ်းဆီးရမိခဲ့ပါတယ်။

အဆိုပါ စပါးကြီးမြွေဟာ မြို့အတွင်းမည်သို့မည်ပုံ ရောက်ရှိလာတယ်ဆိုတာ မသိရဘဲ မကျီးပင်ပေါ် ခိုအောင်းရောက်ရှိနေမှ မြို့ခံတွေက တွေ့မြင်ခဲ့ကြတာပါ။

“ဒီလိုမြွေအမျိုးစားက တောတောင်ထူထပ်တဲ့ အထဲမှာပဲ အများအားဖြင့် ကျက်စားတာ။ အခုလို မြို့လယ်ခေါင်ထဲကို ဘယ်ပုံစံနဲ့ ရောက်လာတယ်တော့ မသိရပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ တိရိစ္ဆာန်အပျောက်ရှတော့ မကြားမိသေးဘူး။ ဖမ်းတယ်ဆိုတာလည်း လူကို အန္တရာယ်တစုံတရာ ပေးလာမှာစိုးတဲ့အတွက် ဖမ်းရတာပါ။ လူတဦး မြွေဖမ်းတုန်းက လက်အကိုက်ခံရတယ်” လို့ အနီးနားရပ်ကွက်နေ မြို့ခံ ဦးမြင့်သိန်းမောင်က ပြောပါတယ်။

တွေ့ရှိခဲ့တဲ့ အဆိုပါ စပါးကြီးမြွေကို မြို့နယ်မီးသတ်နဲ့ ရဲတပ်ဖွဲ့က ကရိမ်းကားသုံးပြီး အပင်ပေါ်တက်ကာ ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

မြွေကို ဖမ်းဆီးပြီးနောက်မှာတော့ ယင်းမာပင်မြို့နယ်က ရွှေတောင်ဦးတောင်ခြေက တိရစ္ဆာန်ထိမ်းသိမ်းရာ နေရာကို ပို့ဆောင်လိုက်တယ်လို့လည်း သိရပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013