DVB Logo
Home
မြန်မာသတင်း
“မုန်တိုင်း​မှာ ​ကြွေတဲ့​ ကြယ်တပွင့်​” စာအုပ် ထုတ်​ဝေ
DVB
·
November 9, 2011
“မုန်တိုင်း​မှာ ​ကြွေတဲ့​ ကြယ်တပွင့်​” စာအုပ် ထုတ်​ဝေ
Donate to DVB

စစ်အစိုး​ရလက်ထက် ​ရေကြည်အိုင် စစ်​ကြော​ရေး​စခန်း​မှာ ညှဉ်း​ပန်း​နှိပ်စက်မှု​ကြောင့်​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟိုအလုပ်သမား​လုပ်ငန်း​အဖွဲ့​ဝင် ဦး​မောင်ကို ကွယ်လွန်တာ ၂၁ နှစ် ပြည့်​မြောက်ပြီဖြစ်ပါတယ်။

ဦး​မောင်ကိုကို အမှတ်ရတဲ့​အ​နေနဲ့​ ဦး​မောင်ကိုရဲ့​သမီး​ထွေး​ မ​ဆွေ​ဆွေက “မုန်တိုင်း​မှာ ​ကြွေတဲ့​ ကြယ်တပွင့်​” အမည်နဲ့​ ဖခင်ရဲ့​ နိုင်ငံ​ရေး​ဖြတ်သန်း​မှု​တွေကို စာအုပ်အဖြစ် ထုတ်​ဝေလိုက်ပါတယ်။

ဒီစာအုပ်ထဲမှာ စစ်အစိုး​ရရဲ့​ စစ်​ကြော​ရေး​စခန်း​မှာ အသက်ဆုံး​ခဲ့​ရတဲ့​ ဦး​မောင်ကိုရဲ့​ ဖြစ်ရပ်​တွေ အပါအဝင် နှစ်နှစ်ဆယ်​ကျော်ကာလမှာ နည်း​အမျိုး​မျိုး​နဲ့​ ဖိနှိပ်ခံခဲ့​ရတဲ့​ မြန်မာ့​နိုင်ငံ​ရေး​လောက အ​ခြေအ​နေ​တွေကိုပါ ​ဖော်ထုတ်ထား​ပါတယ်။

စာအုပ် ထုတ်​ဝေရတဲ့​ ရည်ရွယ်ချက်ကို စာ​ရေး​သူ မ​ဆွေ​ဆွေက “ကျမတို့​ မိသား​စု အခု ခံစား​ခဲ့​ရတယ်​နော်။ ဒီလို အဖြစ်မျိုး​ ဖြစ်ခဲ့​တယ်ဆိုတာ ဗမာပြည်ထဲမှာ ဥပမာ တခုအ​နေနဲ့​လို့​ပဲ ကျမက ရည်ရွယ်တာ။ ကျမတို့​ မိသား​စုလို အဖြစ်မျိုး​တွေ၊​ ဒီ့​ထက်ဆိုး​တဲ့​ အဖြစ်​တွေ၊​ နိုင်ငံ​ရေး​ပြဿနာ​တွေနဲ့​ ပတ်သက်ပြီး​ ဗမာပြည်မှာ ဖြစ်တဲ့​ ပြဿနာ​တွေနဲ့​ ပတ်သက်ပြီး​တော့​ မိသား​စု​တွေက ​သေကွဲ ရှင်ကွဲ အမျိုး​မျိုး​နဲ့​ ကွဲခဲ့​ရတယ်။ အဲဒီ​တော့​ အဲဒီ ဒီခံစား​ခဲ့​ရတဲ့​ လူ​တွေအား​လုံး​ရဲ့​ ဒုက္ခ​တွေ အား​လုံး​ကို ဒီစာအုပ်​လေး​ တအုပ်က ကိုယ်စား​ပြုမယ်လို့​ ကျမ ​မျှော့်​လင့်​ပြီး​တော့​ ဒီဟာ​လေး​ကို ​ရေး​တယ်။ ကျမရဲ့​ ပုဂ္ဂလိက ခံစာချက် တခုတည်း​ကို တင်ပြချင်တာထက် ဒါမျိုး​ဟာ တကယ်ဖြစ်ခဲ့​တယ်၊​ ဒါမျိုး​ အဖြစ်​တွေဟာ ​ဖေ​ဖေ့​ ကိစ္စတင် မဟုတ်ဘူး​ အများ​ကြီး​ ရှိ​နေ​သေး​တယ်ဆိုတာကို ကျမ ရည်ညွှန်း​ပြီး​တော့​ ဒီစာအုပ်​လေး​ကို ​ရေး​ဖြစ်ဖို့​ ဖြစ်လာတာပါ။”

စာမျက်နှာ ၂၀၀ ပါဝင်တဲ့​ ဒီစာအုပ်မှာ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အဖွဲ့​ချုပ် ဒု-ဥက္ကဋ္ဌ ဦး​တင်ဦး​တို့​က အမှာစာ ​ရေး​သား​ပေး​ထား​ကြပါတယ်။

ဒါ့​အပြင် ဦး​မောင်ကိုရဲ့​ နိုင်ငံ​ရေး​ လုပ်​ဖော်ကိုင်ဘက်​တွေဖြစ်တဲ့​ ​ဒေါက်တာတင်မျိုး​ဝင်း​၊​ ဦး​ဇင်လင်း​နဲ့​ ​ဒေါ်ခင်မိုး​မိုး​တို့​လည်း​ ​အောက်​မေ့​ဖွယ် ​ဆောင်း​ပါး​တွေ ​ရေး​သား​ထား​ကြပါတယ်။

ဦး​မောင်ကိုဟာ မြန်မာ့​ဆိပ်ကမ်း​မှာ မန်​နေဂျာအဖြစ် ၁၉၈၈ ခုနှစ်အထိ တာဝန်ထမ်း​ခဲ့​ပြီး​ ၁၉၈၈ ခုနှစ် မြန်မာ့​ဒီမိုက​ရေစီ​ရေး​လှုပ်ရှား​မှုမှာ ပါဝင်မှု​ကြောင့်​ သူ့​ကို အာဏာပိုင်​တွေက အငြိမ်း​စား​ပေး​လိုက်ပါတယ်။

ဒီ​နောက် ဦး​မောင်ကိုဟာ စစ်အစိုး​ရရဲ့​ စစ်​ကြော​ရေး​စခန်း​မှာ ကွယ်လွန်တဲ့​ ​နောက်ဆုံး​အချိန် ၁၉၉၀ ပြည့်​နှစ်အထိ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ဗဟိုအလုပ်သမား​လုပ်ငန်း​ အဖွဲ့​ဝင်အဖြစ် တာဝန်ထမ်း​ဆောင်သွား​ပါတယ်။

ဦး​မောင်ကိုရဲ့​အ​လောင်း​ကို ရန်ကုန်​ဆေး​ရုံကြီး​မှာ ​တွေ့​ရှိသူ​တွေက အ​ကြောင်း​ကြား​မှ မိသား​စုက သိရသလို သူ့​ခန္ဓာကိုယ်မှာလည်း​ ပြင်း​ထန်တဲ့​ ဒဏ်ရာအများ​အပြား​ကို ​တွေ့​ခဲ့​ကြရပါတယ်။

ဦး​မောင်ကိုကျဆုံး​ခြင်း​ ၂၁ နှစ်ပြည့်​မှာ ​အောက်​မေ့​ဖွယ်အဖြစ် မိသား​စုက ဒီ​နေ့​ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း​၊​ အင်း​လျား​ကန်ဖျား​ ​ကျောင်း​တိုက်မှာ ကျင်း​ပပြီး​ သံဃာ​တော်​တွေကို ဆွမ်း​ဆက်ကပ်လှူဒါန်း​သွား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013