DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် အကြမ်းဖက်အဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်နေ
DVB
·
November 12, 2016
မောင်တောတွင် အကြမ်းဖက်အဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်နေ
Donate to DVB

မောင်တောမြို့နယ် မြောက်ပိုင်းမှာ ငန်းချောင်းနဲ့ မျောတောင်အုပ်စုက တောထဲမှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းနဲ့ အကြမ်းဖက်အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်နေပြီး ထိခိုက်ကျဆုံးတာတွေ ရှိနေပါတယ်။

နိုဝင်ဘာ ၁၁ ရက် ညပိုင်းကတည်းက ပစ်ခတ်သံတွေကြားနေရပြီး အခုနေ့လယ်ပိုင်းအထိ ပစ်ခတ်သံတွေကြားနေရတုန်းလို့ မောင်တောမြောက်ပိုင်းကို ရိက္ခာထောက်ပံ့ရေးသွားနေတဲ့ အရေးပေါ်ကူညီ ထောက်ပံ့ရေးကော်မတီ (မောင်တော) က ကိုအောင်ကျော်မင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့မနက် မျောတောင် ထိတွေ့တိုက်ပွဲမှာ အကြမ်းဖက်အဖွဲ့က အလောင်း ၃ လောင်းနဲ့ သေနတ် ၁ လက်ရရှိထားပြီး တပ်မတော်သား ၁ ဦးကျဆုံးပြီး ထိခိုက် ဒဏ်ရာရသူအချို့ ရှိနေတယ်လို့ သိရပါတယ်။

“ကျနော်တို့ ထောက်ပံ့ရေးအဖွဲ့ အခုနေ့ခင်း အောင်မင်္ဂလာရွာရောက်နေပြီ ရှေ့ဆက်လို့မရနိုင်တော့ဘူး။ မောင်နှမအလယ်ရွာနားမှာ သစ်ပင်တွေနဲ့ လမ်းပိတ်ထားတယ်။ ကျနော်တို့ ရှေ့က တက်သွားတဲ့ လုံခြုံရေးယာဉ်တန်းလည်း အဲဒီနားမှာ ပိတ်နေပြီ၊ ပစ်သံတွေလည်း ကြားနေရတယ်” လို့ ကိုအောင်ကျော်မင်းက ပြောပါတယ်။

မောင်တောမှာ တိုက်ပွဲဖြစ်ပွားမှုအခြေနေတွေနဲ့ ပတ်သက်လို့ မြန်မာတပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ် ဆက်သွယ်လို့ မရပါဘူး။

အောက်တိုဘာ ၉ ရက် နယ်ခြားစောင့်ရဲစခန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ မောင်တောမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းရေး လုပ်နေပြီး တလကျော်တဲ့အထိ မကြာခဏထိတွေ့မှုတွေ၊ လုံခြုံရေးစခန်းကို အလစ်ဝင်ရောက်ပစ်ခတ်တာ၊ မီးရှို့မှုတွေ မကြာခဏဖြစ်ပေါ်နေပါတယ်။

သတင်း/ဓာတ်ပုံ-ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013