ပြည်ကြီးတံခွန်မြို့နယ်တွင် နေအိမ်တလုံး မီးလောင်
DVB
·
November 12, 2016
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက် ကျွဲဆည်ကန် (၁၂) လမ်း၊ လမ်းသွယ် (၆)× (၇) ကြား၊ အိမ်းအမှတ် စ/၄ ရှိ ဒေါ်တင်တင်ဝင်းရဲ့နေအိမ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
RC တတပ်တိုက် နေအိမ်မှာ တပ်ဆင်ထားတဲ့ အဲယားကွန်း ဆေ့ကဒ် အပူလွန်ကဲရာမှ ၁၀ × ၄၀ ပေ ပတ်လည် အခန်းမှာ နိုဝင်ဘာ ၁၂ ရက် မနက် ၀၀း၂၀ မိနစ် က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာလို့ အမ်အိုအိုင်သတင်းမှာ ဖော်ပြပါတယ်။
မီးသတ်တာဝန်ရှိသူတွေအပါဝင် မီးငြှိမ်းသတ်ယာဉ် အစီး ၃၀၊ အုပ်ချုပ်မှုယာဉ် ၃စီး၊ သန္ဓေမီးသတ် ၅၅ ဦး၊ အရန်မီးသတ် (၈၀) ဦးနဲ့ ရပ်ကွက်နေ ပြည်သူတွေ ၀ိုင်းဝန်း ငြှိမ်းသတ်လို့ မနက် ၀၀း၅၄ နာရီ မှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု တစုံတရာ မရှိဘဲ မီးပေါ့ဆစွာ ဆောင်ရွက်သူ ဒေါ်တင်တင်ဝင်းကို ပြည်ကြီးတံခွန် မြို့နယ် ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းဓာတ်ပုံ - အမ်အိုအိုင်