Home
မြန်မာသတင်း
မောင်တောတွင် မဟုတ်မမှန်သတင်းလွှင့်သူအပါဝင် မသင်္ကာသူ ၇ ဦး ထပ်ဖမ်း
DVB
·
November 12, 2016
မောင်တောမြို့နယ်အတွင်း လူမှုကွန်ရက်အပေါ် မဟုတ်မမှန် သတင်းလွှင့်သူ ၁ ဦး အပါအ၀င် မသင်္ကာသူ လူ ၇ ဦးကို ဖမ်းမိတယ်လို့ မြ၀တီသတင်းမှာ ဖော်ပြပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဘဂုံးနားကျေးရွာက ရော်ဟီးမူလာ (ဘ)နော်ဇီရာမောက်နဲ့  ညီဖြစ်သူ အာမာန်အူလာ တို့ဟာ ဖေ့ဘုတ်အကောင့် Ma Swe Zin အမည်သုံးပြီး  နိုင်ငံတော်နှင့်တပ်မတော်အပေါ် အကြည်အညိုပျက်စေမယ့် မဟုတ်မမှန် သတင်းလွှင့်ခဲ့တဲ့အတွက် မနေ့ညနေပိုင်းမှာ ဖမ်းမိခဲ့ပါတယ်။ ဒါ့အပြင် နတ်မြစ်အတွင်း လောင်းလှေတစီးပေါ်က မာမွတ်ရှော်ရှိ ဆိုသူ ၁ ဦး၊ လှဖိုးခေါင်ကျေးရွာက မော်စတာရ် (ဘ)အဒူရော်ရိတ် ဆိုသူ ၁ ဦး၊ ခမောင်းဆိပ်ကျေးရွာက ဒီမိုဟာမက်၊ မော်လဝီဆော်ပီဟာလောင်၊ မာမတ်အာလောင် ဆိုသူတို့ကို မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဖမ်းမိထားတဲ့ မသင်္ကာသူတွေကို တရားဥပဒေအရ စစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရေး မောင်တောမြို့မရဲစခန်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း (ကျီးကန်းပြင်) နဲ့ ခမောင်းဆိပ်ရဲစခန်းတွေကို စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024