နိုင်ငံအကြီးအကဲအားသရော်မှုဖြင့် ကြက်ဖကြီးလို့စွပ်စွဲခံရသူကို ထောင် ၂ နှစ် ချမှတ်

ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကွန်ပျူတာပြုလုပ်ချက်တွေကို အသုံးပြုပြီး နိုင်ငံတော် အကြီးအကဲတွေကို လှောင်ပြောင်သရော်နေသူ ကြက်ဖကြီးလို့ သံသယရှိနေတဲ့ ကိုလှဖုန်းကို အမှု ၄ ခုနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။ ရန်ကုန် မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဒီကနေ့ညနေပိုင်းက ထောင်ဒဏ်ချမှတ်လိုက်တာလို့ ကိုလှဖုန်းရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ “၂၄ လ ချလိုက်ပါတယ်။  အဲဒီမှာ ၆၆ (ဃ)နဲ့က ၂ မှု၊ နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ နဲ့က ၁ မှု၊  ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)နဲ့က ၁ မှု၊ အားလုံးပေါင်း  ၄ မှုပါ။ ” ကိုလှဖုန်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီးစိုးဝင်းမော်နဲ့ ရဲမှူးသိန်းနေထွန်းက  တရားလိုလုပ် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီအမှု ၄ ခုအနက် ၂ ခုမှာ ချုပ်ရက်ခံစားခွင့်ပေးပေ မယ့် နောက် ၂ ခုကိုတော့ ချုပ်ရက်ခံစားခွင့်မပေးထားပါတယ်။ ကိုလှဖုန်းဟာ ထောင်တွင်းမှာ ၉ လလောက်ချုပ်နောင်ခံပြီး တရားရင်ဆိုင်နေရာတာကြောင့် အခုလက်ရှိ ထောင်တွင်း ၁ နှစ်ကျော် အကျဉ်းကျခံနေရဦးမှာဖြစ်ပါတယ်။ ဒီလိုအမိန့်ချတာဟာ ပီပြင်မှုမရှိတဲ့အတွက် ဆက်လက်အယူခံဝင်သွားမယ်လို့လည်း ရှေ့နေဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ ကိုလှဖုန်းကိုယ်တိုင်ကတော့  သူဟာ ကြက်ဖကြီး အကောင့်ပိုင်ရှင်မဟုတ်သလို  ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ အခုလို ထောင်ဒဏ်ချမှတ်တာဟာ တရားမျှတမှုမရှိဘူးလို့ ပြောပါတယ်။ ကိုလှဖုန်းဟာ နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ ဓာတ်ပုံတွေကို ပြုပြင် ပြီး ဖေ့ဘွတ်စ်မှာ ကြက်ဖကြီး အကောင့်နဲ့ တင်ခဲ့သူဆိုပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up