အလဲဗင်း အမှုဆောင်အရာရှိချုပ်နှင့်အယ်ဒီတာချုပ်တို့ကို ရဲစခန်းတွင် တွေ့ရစဉ် (ဓာတ်ပုံ)

အလဲဗင်းမီဒီယာအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ နှစ်ဦးဟာ ဒီနေ့ မွန်းလွဲ ၂ နာရီခွဲက ရန်ကုန်တိုင်း၊ တာမွေရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တယ်လို့ ရဲစခန်းက အတည်ပြုပြောပါတယ်။ လက်ရှိမှာတော့ တာမွေ တရာရုံးမှာ စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်မှာ အင်းစိန်ထောင်ကိုပို့မယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တာမွေရဲစခန်းမှာ အမှုဖွင့် ထားတာဖြစ်ပြီး ရဲက မနေ့ကတည်းက ရဲစခန်းလာဖို့ ခေါ်ထားပေမယ့် ဒီနေ့ မွန်းလွဲပိုင်းကျမှ လာရောက်အဖမ်းခံခဲ့ကြတာ ဖြစ်ပါတယ်။ ဒေးလီးအလဲဗင်းသတင်းစာရဲ့ အယ်ဒီတာအာဘော်မှာ ဖော်ပြခဲ့တဲ့ ၀န်ကြီးချုပ်တဦးကို ဒေါ်လာ ၁ သိန်းလောက်တန်တဲ့ နာရီပတ်လို့ နိုင်ငံသားတွေက မကျေမနပ်ဖြစ်စေခဲ့တယ်လို့ ရေးသားချက်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ကနေ တာမွေမြို့နယ်ရဲစခန်းမှာ ၆၆ ဃ နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ ဓာတ်ပုံ -ကျော်ဇေယျ  

More News
Up