အာဂျင်တီးနားကို ဘရာဇီး ၃ ဂိုးပြတ်အနိုင်ယူ (ရုပ်သံ)

3.1K
နိုဝင်ဘာလ ၁၀ ရက်နေ့က ကန်သွားတဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘရာဇီးက အာဂျင်တီးနားအသင်းကို ၃ ဂိုးပြတ်အနိုင်ရသွားပါတယ်။
ဘရာဇီးအတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၄ မိနစ်မှာ နေမာပေးတဲ့ဘောလုံးကနေတဆင့် ကော်တင်ညိုက သွင်းယူပေးခဲ့ပြီး ပထမပိုင်း ၄၅မိနစ် ပြီးခါနီး နာကျင်အချိန်ပိုမှာ နေမာက ဒုတိယ ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၅၉ မိနစ်မှာ အော်ဂတ်စတိုပေးတဲ့ ဘောလုံးကတဆင့် ပေါ်လင်ဟိုက ဘရာဇီးအတွက် တတိယနဲ့ နောက်ဆုံးဂိုးသွင်းယူပေးခဲ့ပြီးနောက် တဖက်နဲ့ တဖက် ဂိုးထပ်မသွင်းနိုင်တော့ဘဲ ၃ ဂိုး ဂိုးမရှိနဲ့ ဘရာဇီးသားတွေ အိမ်ကွင်းမှာ အောင်ပွဲခံသွားခဲ့တာပါ။
တောင်အမေရိကဇုန် တခြားပွဲစဉ်တွေမှာတော့ ဗင်နီဇွဲလားက ဘိုလီးဗီးယားကို ၅ ဂိုးပြတ်နိုင်ပြီး ဥရုဂွေးက အီကွေဒေါကို ၂ ဂိုး၁ ဂိုး၊ ပီရူးက ပါရာဂွေးကို ၄ ဂိုး ၁ဂိုးနဲ့ အသီးသီး အနိုင်ရသွား ပါတယ်။
မနေ့ညကပွဲပြီးမှာ ဘရာဇီးကရမှတ်၂၄မှတ်နဲ့ အုပ်စု ထိပ်ဆုံးမှာရပ်တည်နေပြီး ဥရုဂွေးက ၂၃ မှတ်နဲ့ ဒုတိယနေရာ၊ အာဂျင်တီးနားကတော့ ၁၆မှတ်နဲ့ အဆင့် ၆မှာ ရပ်တည်နေလို့ ခြေစစ်ပွဲအောင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။