Home အာရှဒေသ ကေမၻာဒီးယား မိဘမဲ့ကလေးတွေကို နိုင်ငံခြားခရီးသွားလုပ်ငန်း ဆွဲဆောင်ရာတွင် အသုံးချမှုကို တားမြစ်
ကမ္ဘောဒီးယား မိဘမဲ့ကလေးတွေကို နိုင်ငံခြားခရီးသွားလုပ်ငန်း ဆွဲဆောင်ရာတွင် အသုံးချမှုကို တားမြစ်
cambodia_volunteer_tourism_web_111105 ‘မိဘမဲ့ကလေးတွေဟာ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်ဖို့ မဟုတ်ပါ’ ဆိုတဲ့ ကြွေးကြော်သံနဲ့ ကမ္ဘောဒီးယားမှာ လှုပ်ရှားမှုအသစ်တခု လုပ်လာပါတယ်။ ‘မိဘမဲ့ကလေးများဆီ သွားရောက်ကြည့်ရှူ့ လေ့လာတဲ့ ခရီးသွားလုပ်ငန်း’ တွေကို တားမြစ်ဖို့ ဖြစ်ပါတယ်။ မိဘမဲ့ကလေးဂေဟာတွေရဲ့ ရည်ရွယ်ချက်က ကောင်းမွန်သော်လည်း နိုင်ငံခြားခရီးသည်တွေ ကလေးတွေဆီ အလည်လာတာဟာ အကူအညီရဖို့ထက်၊ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ပိုမိုထိခိုက်စေတယ်လို့ ကလေးအခွင့်အရေး လှုပ်ရှားတဲ့ ဒေသတွင်း အဖွဲ့တဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်တဲ့အကြောင်း ဖနွမ်းပင်မြို့က သတင်းထောက် ‘ဟီသာ စတီးလ်ဝဲလ်’ (Heather Stilwell)က သတင်းပေးပို့ထားတာပါ။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။
ဆက်စပ်သတင်းများ