A d v e r t i s e m e n t With Us

တောင်တွင်း​ကြီး​မြို့​တွင် ​ဖောက်ထွင်း​မှုများ​ မကြာခဏဖြစ်ပွား​နေ

မ​ကွေး​တိုင်း​ ​တောင်တွင်း​ကြီး​မြို့​ပေါ်မှာ ညဘက် နာမည်ကြီး​စတိုး​ဆိုင်​တွေနဲ့​ ပွဲရုံ​တွေ၊​ ​ဈေး​ဆိုင်​တွေကို ​ဖောက်ထွင်း​မှု မကြာခဏဖြစ်ပွား​နေတာ​ကြောင့်​ မြို့​ခံ​တွေ စိုး​ရိမ်မှုရှိ​နေကြပါတယ်။ အောက်တိုဘာလဆန်း​ပိုင်း​က​နေ အခုချိန်ထိ မြို့​က နာမည်ကြီး​ဖောက်ထွင်း​ အမှု​ပေါင်း​ အနည်း​ဆုံး​ အကြိမ် ၂၀ ခန့်​ဖြစ်ပွား​ခဲ့​ပြီး​ ​ဖောက်ထွင်း​မှုတိုင်း​မှာ အနည်း​ဆုံး​ ကာလတန်ဖိုး​ ကျပ် ၅ သိန်း​က​နေ ၁၀ သိန်း​ ရှိတယ်လို့​ ​ဖောက်ထွင်း​ခံရသူ​တွေကို ကိုး​ကား​ပြီး​ ​တောင်တွင်း​ကြီး​ဈေး​မှာ ဆိုင်ခန်း​ဖွင့်​ရောင်း​နေတဲ့​ ကို​ကျော်နိုင်က ​ပြောပါတယ်။ “မြို့​ပေါ်က ခုနလို အုပ်ချုပ်​ရေး​ပိုင်း​၊​ လုံခြုံ​ရေး​ပိုင်း​တွေ ရဲတို့​ဘာတို့​နဲ့​ နီး​စပ်တဲ့​ အသိုင်း​အဝိုင်း​က ထွက်လာတာက ဒီ​ဖောက်ထွင်း​မှုဟာ အုပ်စုဖွဲ့​ပြီး​ လုပ်​နေတဲ့​သ​ဘော ရှိတယ်။” ဒီ​ဖောက်ထွင်း​မှု​တွေနဲ့​ ပတ်သက်လို့​ ပစ္စည်း​ရှင်တချို့​က မြို့​ပေါ်ရဲစခန်း​မှာ အမှုဖွင့်​ဖို့​ ကြိုး​စား​ပေမယ့်​ ရဲစခန်း​က လက်မခံဘူး​လို့​ ကိုယ်တိုင် အမှုဖွင့်​သူ​တွေကို ကိုး​ကား​ပြီး​ ကိုကျော်နိုင်က ​ပြောပါတယ်။ ဒီကိစ္စနဲ့​ပတ်သက်လို့​ ​တောင်တွင်း​ကြီး​မြို့​က ရဲစခန်း​ကို ဖုန်း​ဆက်​မေး​တဲ့​အခါမှာ တာဝန်ကျတဦး​က ​ဖောက်ထွင်း​မှု​တွေ မရှိဘူး​လို့​ ငြင်း​ဆိုပါတယ်။ “ခိုး​မှု​တွေဘာ​တွေ​တော့​ အဲ​လောက်အများ​ကြီး​ မကြား​မိပါဘူး​။” ဖောက်ထွင်း​မှု​တွေကို ရဲက အ​ရေး​ယူတာမရှိတဲ့​အတွက် ​ဖောက်ထွင်း​သူ​တွေနဲ့​ ရဲ​တွေကြား​မှာ အချိတ်အဆက်ရှိ​နေသလား​ဆိုပြီး​ မြို့​ခံ​တွေကြား​ သို့​လော သို့​လော ဖြစ်​နေကြတယ်လို့​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up