A d v e r t i s e m e n t With Us

ကြား​ဖြတ်​ရွေး​ကောက်ပွဲ တစည ကိုယ်စား​လှယ် ၂၀ ဝင်မည်

အဓိကပါတီကြီး​တခုဖြစ်တဲ့​ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ပါတီ (တစည) က လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ကိုယ်စား​လှယ်​လောင်း​ ၂၀ ဝင်​ရောက် ယှဉ်ပြိုင်မယ်လို့​ ပါတီ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​ဟန်​ရွှေက ​ပြောပါတယ်။ “ဘယ်တိုင်း​နဲ့​ပြည်နယ်​တွေမှာ၊​ ဘယ်မြို့​နယ်​တွေမှာ ​နေရာအလွတ်​တွေရှိလဲဆိုတာ ကြည့်​ပါတယ်။ ပြီး​တော့​ အဲဒီနယ်​မြေအ​နေအထား​အရ ကျ​နော်တို့​ပါတီရဲ့​ စည်း​ရုံး​ရေး​အင်အား​အရ အ​ခြေအ​နေဘယ်လိုရှိလဲ၊​ ပြီး​ခဲ့​တဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲတုန်း​က ကျ​နော်တို့​ ဝင်ပြိုင်တဲ့​ကိုယ်စား​လှယ်​တွေ မဲအ​ရေအတွက် ဘယ်​လောက်ရသလဲ။ ​နောက်တခါ ကျ​နော်တို့​နဲ့​ ယှဉ်ပြိုင်မယ့်​ ပြိုင်ဘက်ပါတီ​တွေရဲ့​ အ​နေအထား​ သူတို့​ရဲ့​ စည်း​ရုံး​ရေး​ အ​ခြေအ​နေ ဘယ်လိုရှိသလဲ၊​ ​နောက် ကျ​နော်တို့​ ပြည်သူ​တွေရဲ့​ သ​ဘောထား​အ​ခြေအ​နေ ဘယ်လိုရှိသလဲဆိုတာ ဆန်း​စစ်မှု​လေး​တွေ လုပ်ပြီး​တဲ့​အခါကျ​တော့​ ​လော​လောဆယ် အကြမ်း​ဖျဉ်း​တော့​ ​နေရာ ၂၀ ​လောက် ဝင်ပြိုင်မယ်လို့​ ပြင်ဆင်ထား​ပါတယ်။ ရည်ရွယ်ထား​တယ်။” ကြား​ဖြတ်​ရွေး​ကောက်ပွဲကို​တော့​ ဘယ်အချိန်မှာ ကျင်း​ပမလဲဆိုတာ​တော့​ တရား​ဝင် ထုတ်ပြန်ထား​တာ မရှိ​သေး​ပါဘူး​။ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ​ဟောင်း​ ဦး​သိန်း​စိုး​က ၂၀၁၁ နိုဝင်ဘာလမှာ ကြား​ဖြတ်​ရွေး​ကောက်ပွဲကို ကျင်း​ပမယ်လို့​ ​ပြော​ပေမယ့်​ ဒီနှစ်အတွင်း​ ကျင်း​ပနိုင်မှာ မဟုတ်ဘူး​လို့​လည်း​ ဦး​ဟန်​ရွှေက ​ပြောဆိုပါတယ်။ “နိုဝင်ဘာလထဲလည်း​ရောက်လာပြီ၊​ နိုဝင်ဘာလထဲ ကျင်း​ပမယ်ဆိုတာ​တော့​ မဖြစ်နိုင်​တော့​ဘူး​ဆိုတာ တွက်လို့​ရပါတယ်။ ​နောက်တခုက အခုပါတီအသစ်​တွေကလည်း​ တချို့​ မှတ်ပုံတင်တာ​တွေ ရှိလာ​တော့​ ဒီနှစ်အတွင်း​မှာ ကျင်း​ပဖို့​ ရှိချင်မှ ရှိလိမ့်​မယ်လို့​ ကျ​နော်တို့​ ဒီလိုလည်း​တွက်ပါတယ်။ သို့​သော်ဘယ်လိုအ​ခြေပဲဖြစ်ဖြစ် အချိန်​ပေး​ပြီး​ ​ကြေညာချက်ထုတ်ပြီး​ ကျင်း​ပမယ်ဆိုရင်​တော့​ ကျ​နော်တို့​ပါတီအ​နေနဲ့​က ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ပါဝင်ပြီး​တော့​ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။” ၂၀၁၀ ​ရွေး​ကောက်ပွဲအပြီး​မှာ လစ်လပ်သွား​တဲ့​ မဲဆန္ဒနယ်​တွေအတွက် ကိုယ်စာလှယ်​လောင်း​တွေ ​ရွေး​ချယ်ဖို့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ကျင်း​ပဖို့​ ရှိ​နေတာပါ။ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး​ဟောင်း​ ဦး​တင်​အေး​က လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ​နေရာလွတ် ၄၈ ​နေရာရှိမယ်လို့​ တစည ပါတီကို ​ပြောထား​တဲ့​အ​ကြောင်း​ ဦး​ဟန်​ရွှေက​ပြောပါတယ်။ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ပါတီဟာ မြန်မာဆိုရှယ်လစ်လမ်း​စဉ် ပါတီက​နေ ၁၉၈၈ ခုနှစ်မှာ ​ပြောင်း​လဲလာခဲ့​တဲ့​ ပါတီဖြစ်ပြီး​တော့​ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ ကိုယ်စား​လှယ်​ပေါင်း​ တ​ထောင်​ကျော် ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​ပြီး​ ၆၀ ​ကျော် အနိုင်ရရှိခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up