မြန်မာ့ရေပိုင်နက်ကိုဝင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးဖမ်းမိ

မြန်မာရေပိုင်နက်အတွင်းကို တရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စက်လှေတစ်စင်းပေါ်မှာ လိုက်ပါလာတဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို ဖမ်းဆီးရမိတယ်လို့  ဒီကနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြပါတယ်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အလယ်သံကျော်ကျေးရွာရဲ့ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ ပင်လယ်ပြင်မှာ  မသင်္ကာဖွယ် စက်လှေတစ်စင်းအားတွေ့ရှိလို့ တပ်မတော်(ရေ)မှ သွားရောက်စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းစက်လှေတစ်စင်းအားတွေ့ရှိခဲ့ပြီး စက်လှေပေါ်တွင်လိုက်ပါလာသူ ၆ ဦးကို အားဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။ အဆိုပါဖမ်းဆီးရမိသူတွေကို စစ်ဆေးဆောင်ရွက်နိုင်ဖို့ အလယ်သံကျော်နယ်မြေရဲစခန်းကို လွှဲပြောင်းအပ်နှံထားတယ်လို့သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up