လူ့​အခွင့်​အ​ရေး​လှုပ်ရှား​သူတဦး​ ရိုက်နှက်ခံရ

လူ့​အခွင့်​အ​ရေး​ကာကွယ် မြှင့်​တင်သူများ​ကွန်ရက် (HRDP) အဖွဲ့​ဝင် ကို​ကျော်လွင် ဧရာဝတီတိုင်း​ ဟင်္သာတမြို့​နယ် တလုပ်​ထော် ​ကျေး​ရွာအုပ်စုမှာ ရိုက်နှက်ခံခဲ့​ရပါတယ်။ တလှုပ်​ထော်​ကျေး​ရွာက ဘုန်း​ကြီး​ကျောင်း​တခုမှာ လုပ်တဲ့​ အလုပ်သမား​အစည်း​အ​ဝေး​ကို တက်ရင်း​အပြန် ဘုန်း​ကြီး​ကျောင်း​ထိပ်မှာ​စောင့်​နေတဲ့​ ရွာသား​ ၄ ဦး​က ရိုက်နှက်ခဲ့​တာဖြစ်ပြီး​ ဦး​ခေါင်း​မှာဒဏ်ရာရသွား​ တယ်လို့​ ကို​ကျော်လွင်က ​ပြောပါတယ်။ “ကျ​နော်တို့​က လူ့​အခွင့်​အ​ရေး​ လှည့်​လည်​ဆွေး​နွေး​နေရင်း​က​နေ ရပ်ရွာဖွံ့​ဖြိုး​တိုး​တက်​ရေး​ကိုလည်း​လုပ်​နေတာ။ အဲလိုလုပ်​နေတာကို ကြံ့​ခိုင်​ရေး​နဲ့​ ပတ်သက်တဲ့​ လူတစုက​နေ ဘုန်း​ကြီး​ကျောင်း​ထဲကို ဖိနပ်စီး​တယ်ဆိုပြီး​ ကျ​နော့်​ကို ရိုက်လိုက်တာ​ပေါ့​။ ပထမတချက် လက်ကိုရိုက်ချလိုက်တာ ကျ​နော်တကိုယ်လုံး​ ထုံကျင်ပြီး​တော့​ သတိလစ်သွား​တယ်။ အဲဒါကို အုပ်ချုပ်​ရေး​မှူး​ကိုယ်တိုင် ဆွဲထူတဲ့​ကြား​က၊​ တား​တဲ့​ကြား​ထဲကကို ကျ​နော့်​ကို အ​ပေါ်က​နေ ဝါး​ရင်း​တုတ်နဲ့​ ရိုက်ချလိုက်တာ။ ကံ​ကောင်း​ချင်​တော့​ အဲဒီဝါး​ရင်း​တုတ်က ဦး​ခေါင်း​ခွံနဲ့​ထိပြီး​တော့​ တုတ်ကအရင်ကွဲသွား​တဲ့​အခါကျ​တော့​ အ​ပေါ်ယံအ​ရေပြား​ပဲ ကွဲသွား​တော့​ ​လေး​ချက်ချုပ်ရတယ်လို့​ ​ပြောတယ်။” ရိုက်နှက်ခံရတဲ့​အတွက် တလုပ်​ထော် ရဲစခန်း​မှာ သာသနာကိုညှိုး​နွမ်း​စေမှု ပုဒ်မ (၂၉၅) နဲ့​ ရိုက်နှက်သူ​တွေကို တိုင်ချက်ဖွင့်​ထား​ပေမယ့်​ ရဲစခန်း​က အာမခံနဲ့​ပြန် လွှတ်​ပေး​ခဲ့​ပါတယ်။ ရိုက်နှက်သူ​တွေကလည်း​ ကို​ကျော်လွင်ကို သာသနာညှိုး​နွမ်း​စေမှုနဲ့​ ပြန်လည်တရား​စွဲဆိုထား​တယ်လို့​ပြောပါတယ်။ “ကျ​နော်တို့​ ယုံကြည်ကိုး​ကွယ်တဲ့​ ဘုန်း​ကြီး​ကျောင်း​ဝိုင်း​ထဲမှာ ရိုက်နှက်တဲ့​အတွက် ကျ​နော့်​ရဲ့​သွေး​ ဘုန်း​ကြီး​ကျောင်း​ထဲကို ကျ​အောင်လုပ်တာရယ်။ ပုဆိုး​ကို ဆွဲချွတ်တာရယ်၊​ ဖုန်း​ကိုလုတာ​တွေ​ကြောင့်​ ကျ​နော့်​ကို ရိုက်မှုကို အမှုဖွင့်​အ​ရေး​ယူတာ​ပေါ့​။ အမှုဖွင့်​အ​ရေး​ယူဖို့​ တိုင်ကြား​တဲ့​အခါကျ​တော့​ ​ကျောင်း​ဝန်း​ထဲမှာ ရိုက်တယ်။ နှက်တယ်၊​ ကျ​နော့်​ရဲ့​ပစ္စည်း​ကို လုတယ်ဆိုတဲ့​ ပုဂ္ဂိုလ်​တွေကိုကျ​တော့​ ၂၉၅ (က) တို့​၊​ ၂၉၅ တို့​ မဆွဲဘဲနဲ့​ ရိုက်မှုသီး​သန့်​ပဲ ဆွဲထား​ပြီး​တော့​ ကျ​နော့်​ကိုကျ​တော့​ အဲဒီမှာ ဖိနပ်စီး​တယ်ဆိုပြီး​ အမှုပြန်ဖွင့်​ထား​တယ်။ ဟိုလူ​တွေကိုကျ​တော့​ ၂၉၅ နဲ့​ မဆွဲဘဲနဲ့​ ကျ​နော့်​ကိုကျ​တော့​ ၂၉၅ နဲ့​ ဆွဲထား​တယ်။” ဒီအမှုနဲ့​ပတ်သက်ပြီး​ သီး​ခြား​အတည်ပြုနိုင်ဖို့​ တလုပ်​ထော်ရဲစခန်း​ကို ဆက်သွယ်ဖို့​ကြိုး​စား​ပေမယ့်​ ဆက်သွယ်လို့​မရရှိ​သေး​ပါဘူး​။ ဟင်္သာတမြို့​နယ် တလုပ်​ထော်ရွာမှာ HRDP အဖွဲ့​ဝင်တချို့​ကို ကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​အသင်း​နဲ့​နီး​စပ်သူ​တွေက အလား​တူရိုက်နှက်မှုမျိုး​ ၂၀၀၇ ခုနှစ်မှာ ဖြစ်ပွား​ခဲ့​ဖူး​ပါတယ်။ အဲဒီဖြစ်ရပ်မှာ ရိုက်နှက်ခံရတဲ့​ ကွန်ရက် အဖွဲ့​ဝင်​တွေဖြစ်ကြတဲ့​ ကိုမြင့်​နိုင်၊​ ကို​ကျော်လွင်၊​ ကိုမြစိန်၊​ ကိုလှရှိန်၊​ ဦး​မြင့်​နဲ့​ ဦး​ဝင်း​တို့​ ​ထောင်ဒဏ် ၄ နှစ်က​နေ ၈ နှစ်အထိ ချမှတ်ခံခဲ့​ရဖူး​ပါတယ်။ အဲဒီထဲက တချို့​လွတ်​မြောက်လာပြီဖြစ်​ပေမယ့်​ တချို့​က​တော့​ လက်ရှိ​ထောင်​တွေမှာ အကျဉ်း​ကျခံ​နေရဆဲဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up