လူမှုကွန်ရက်တွင်ပျံ့နှံ့နာမည်ကြီးလာသည့် ခွေးနှင့်ခွေးပိုင်ရှင်တို့၏ တူညီဝတ်ဆင်ထားသည့် ဓာတ်ပုံများ

ခွေးချစ်သူ တော့ဖာဘရော့ဖီက သူ့ခွေး ရိုဆန်ဘာ့ဂ်နဲ့ သူဟာ အမျိုးစုံလုပ်တဲ့နေရာမှာတော့ ချန်ပီယံပဲ၊ ဒါကြောင့် သူတို့က အမျိုးမျိုး ပြောင်းလဲပြီး လုပ်နေရတာကို ကြိုက်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံ နယူးရော့ခ်မှာနေတဲ့ ခွေးပိုင်ရှင် တော့ဖာဘရော့ဖီနဲ့ သူ့ရဲ့ခွေးတို့ဟာ ခေါင်းစည်းကြိုးကစလို့ ဆံပင်လိပ်တဲ့ ဆူးလိပ်အထိ ထူးထူးခြားခြား တူညီအောင် ဝတ်ဆင်ထားတတ်တဲ့ သူတို့ရဲ့ပုံတွေ လူမှုကွန်ရက်စာမျက်တွေကတဆင့် ဖြန့်ဝေကြပြီး နာမည်ကြီးနေတာလို့ မေရာသတင်းမှာ နိုဝင်ဘာ ၈ ရက်နေ့က ဖော်ပြပါတယ်။ အင်စတာဂရမ်မှာ နောက်ဆုံးတင်ထားတဲ့ ဟာသဖြစ်နေတဲ့ သူတို့ရဲ့ပုံက တော့ဖာဘရော့ဖီနဲ့ သူ့ရဲ့ အမွေးစုတ်ဖွားခွေးဟာ အန်ကယ်လ်ဆမ်မ်ဝတ်စုံကို ခေါင်းကစလို့ ခြေဖျားထိ ဆင်တူဝတ်ဆင်ထားကြတာပါ။ ပြီးတော့ သူတို့က အမေရိကန်မိတ်ဆွေတွေ မဲသွားပေးကြဖို့ တောင်းဆိုထားပါသေးတယ်။ တော့ဖာက “ကျနော်နဲ့ ရိုဆန်ဘာ့ဂ်က လူတွေအားလုံး မဲသွားပေးကြဖို့ တိုက်တွန်းထားတယ်” လို့ ဆိုပါတယ်။ “ကျနော်တို့က ရုပ်ပိုင်းမှာ အတော်တူတယ်။ ပြီးတော့ ဘာမဆို အတူလုပ်တယ်။ ဒါကြောင့် ဝတ်စုံဆင်တူဝတ်တာက ကျနော်တို့အတွက်တော့ သဘာဝအတိုင်းပါပဲလို့” တော့ဖာက ပြောပါတယ်။ တော့ဖာက ရိုဆန်ဘာ့ဂ်ကို ဘာလို့ သူ့သားလို့ ခေါ်လဲဆိုတော့ သူတို့ဟာ ဆံပင်တွေနဲ့ မျက်လုံးအရောင်တွေပါ တူညီနေတာကြောင့်လို့ ဆိုပါတယ်။ အချိန်ပိုင်းပန်းချီဆရာတဦးအနေနဲ့ အလုပ်လုပ်တဲ့ တော့ဖာနဲ့ သူ့ရဲ့သစ္စာရှိတဲ့ခွေးလေးဟာ ဟာသဖြစ်မယ့် ထူးထူးခြားခြားဝတ်စုံတွေ ဝတ်ဆင်ပြီး ဓာတ်ပုံတွေ ရိုက်ခဲ့ကြတာပါ။ အဲဒီဝတ်စုံတွေထဲမှာ ကောင်းဘွိုင်ဝတ်စုံ၊ တင်းနစ်ဝတ်စုံ၊ ရဲဝတ်စုံ၊ သင်္ဘောသားဝတ်စုံနဲ့ ဂျူးလူမျိုးတွေဝတ်ဆင်တဲ့ ရိုးရာဝတ်စုံတွေ ပါပါတယ်။ သူတို့အနှစ်သက်ဆုံးပုံကတော့ အင်္ကျီ၊ ဘောင်းဘီနဲ့ အထက်တန်းကျတဲ့ အနက်ရောင်ဂျက်ကက်အင်္ကျီကို တွဲဝတ်ပြီး လည်ရှည်ဖိနပ် စီးထားတဲ့ပုံလို့ ဆိုပါတယ်။ တော့ဖာက “သူ့ခွေး ရိုဆန်ဘာ့ဂ်နဲ့ သူဟာ အမျိုးစုံလုပ်တဲ့နေရာမှာတော့ ချန်ပီယံပဲ။ ဒါကြောင့် ကျနော်တို့က အမျိုးမျိုးပြောင်းလဲပြီး လုပ်နေရတာ၊ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို ကိုယ်စားပြုရတာ၊ ကျနော်တို့ လေးစားနှစ်သက်တဲ့ အလုပ်ကို လုပ်နေရတာ ကြိုက်တယ်” လို့ ဆိုပါတယ်။ “ကျနော်တို့ လူတွေကို ပြုံးအောင်လုပ်နိုင်တယ်ဆိုရင် အဲဒီစက္ကန့်ပိုင်းအချိန်လေးမှာတင် လူတယောက်ကို ပိုအသက်ဝင်လာအောင် ကူညီနိုင်လိုက်သလိုပါပဲ။ ဒါကို ကျနော်တို့က ဂုဏ်ယူပါတယ်” လို့လည်း တော့ဖီက ဆက်ပြောပါတယ်။

More News
Up