DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကော်မရှင်နှင့် အပစ်မရပ်တပ်ဖွဲ့တို့ ရန်ကုန်တွင် စည်းဝေး
DVB
·
November 9, 2016
ငြိမ်းချမ်းရေးကော်မရှင်နှင့် အပစ်မရပ်တပ်ဖွဲ့တို့ ရန်ကုန်တွင် စည်းဝေး
Donate to DVB

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ယူအန်အက်ဖ်စီရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) တို့ စည်းဝေးပွဲကို ရန်ကုန်မှာ ဒီနေ့ စတင်ကျင်းပပါတယ်။

ရန်ကုန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ နှစ်ရက်ပြုလုပ်မယ့် စည်းဝေးပွဲမှာ အပစ်မရပ်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တောင်းဆိုချက် ၉ ခုနဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးညီလာခံကျင်းပရေး ပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့တွေ တောင်းဆိုထားတဲ့ ၉ ချက်ထဲက နိုင်ငံတကာစောင့်ကြည့်ကိုယ်စားလှယ်အဖွဲ့ ထည့်ဖွဲ့ဖို့ဆိုတဲ့ အချက် ၂ ခုဟာ ညှိနှိုင်းဖို့ ခက်ခဲတယ်လို့ သုံးသပ်ပြောပါတယ်။

“နံပါတ် ၆၊ ၇၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှာ နိုင်ငံတကာနဲ့ ကြားအဖွဲ့အစည်းပါမယ့် ကိစ္စကတော့ ကျနော်တို့ ကြည့်သလောက်တော့ ဒီအပေါ်မှာ တပ်မတော်ဘက်က တော်တော့ကို ညှိနှိုင်းဖို့ ခက်ခဲနိုင်မယ်လို့ မြင်တယ်။ နောက်ပြီးတော့ တရားရုံးဆိုတဲ့ ပုံစံမျိုးပေါ့လေ။ ဟိုဘက် ဒီဘက် ပြဿနာဖြစ်ခဲ့တယ်ဆိုရင် မှားခြင်း မှန်ခြင်းကို အဆုံးအဖြတ်ပေးနိုင်မယ့်အဖွဲ့၊ ဒါက လွတ်လပ်တဲ့အဖွဲ့ ဖြစ်ရမယ်ဆိုတဲ့ အဆိုပြုချက်အပေါ်မှာ အဲ့ဒီဟာကလည်း အစိုးရဘက်က သဘောတူဖို့ တော်တော်ခက်လိမ့်မယ်ထင်တယ်။”

ယူအန်အက်ဖ်စီရဲ့ တောင်းဆိုချက်တွေထဲမှာ အခုတောင်းဆိုချက်များကို နှစ်ဘက် သဘောတူလိုက်တာနဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အားလုံး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာရမယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရမယ်၊ ၂၁ ရာစုပင်လုံညီလာခံက ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်များကို အခြေခံပြီး ဖွဲ့စည်းပုံရေးဆွဲရမယ် စတဲ့အချက်များ ပါဝင်ပါတယ်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့များကြား ဒီတကြိမ် ဆွေးနွေးမှုဟာ တတိယအကြိမ်ဖြစ်ပြီး ဒုတိယအကြိမ် ဆွေးနွေးပွဲတုန်းက တောင်းဆိုချက် ၉ ချက်ထဲက ၄ ချက်ကို နှစ်ဘက် သဘောတူနိုင်ခဲ့ကြပါတယ်။

ဘယ်အချက်တွေ သဘောတူခဲ့ကြတာလဲ ဆိုတာကိုတော့ ဒီနေ့ထိ နှစ်ဘက်စလုံးက ထုတ်ပြောတာ မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013