DVB Logo
Home
မြန်မာသတင်း
ဘိုကလေးမြို့နယ်တွင် တံငါသည်တဦး မိကျောင်းကိုက်ခံရ
DVB
·
November 9, 2016
ဘိုကလေးမြို့နယ်တွင် တံငါသည်တဦး မိကျောင်းကိုက်ခံရ
Donate to DVB

နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၇ နာရီလောက်က ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် အတွင်းရှိ လှေလုံးကွဲကျေးရွာက တံငါသည်တဦး မိကျောင်းအကိုက်ခံရပြီး  ကဒုံကနိဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

မိကျောင်းကိုက်ခံရသူဟာ ပင်လယ်ဂဏာန်းထောင်တဲ့ လုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး အသက်၄၃ နှစ်ရှိ ဦးစောနောင်ဖြစ်ပါတယ်။ သူက ချောင်းဘေးက လှေပေါ်တက်နေတဲ့အချိန် မိကျောင်းဆွဲခြင်းခံရတာပါ။

“ဒဏ်ရာက တော်တော်များတယ်။ ပေါင်မှာပေါက်ပြဲသွားတယ်။ သူက ညနေ ၆ နာရီလောက်မှာ ဂဏာန်းထောင်တာဆိုတော့ လှေပေါ်မှာရေပက်နေတုန်း ဘေးကနေ လှမ်းဆွဲလိုက်တာတဲ့။ ဆွဲတဲ့ဘက်က ဒဏ်ရာတော်တော်ကြီးတယ်။ လှမ်းလည်းဆွဲရော သူကကြောက်အားလန့်အားနဲ့ လက်သီးနဲ့ ပိတ်ထိုးလိုက်တာတဲ့။ ခြေထောက်တစ်ဖက်နဲ့လည်း ကန်ထုတ်ပလိုက်တာပေါ့နော်။ ခြေထောက်နဲ့ကန်လိုက်တော့ ကိုက်ထားတဲ့ပေါင်ကိုလွှတ်ပြီး ကန်လိုက်တဲ့ခြေထောက်ကိုပြန်ကိုက်တာ ဆိုတော့ ခြေထောက်ကနှစ်ဖက်လုံးဖြစ်သွားတာ။ ဒဏ်ရာတွေက ပေါင်နှစ်ဖက်လုံးရယ် ခြေသလုံးတဖက်ရယ်ပေါ့။ အခြေအနေကတော့ ကောင်းပါတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိတော့ဘူး" လို့ ကဒုံကနိ ပြည်သူ့ဆေးရုံက တာဝန်ခံဆရာမ ဒေါ်အေးယုတင်ကပြောပါတယ်။

၂၀၁၅ ခုနှစ်က ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာအုပ်စုပိုင် လိပ်သောင်ရေကျော် ကျေးရွာမှာ နေထိုင်တဲ့အသက် ၁၄ နှစ်ခန့်က လေးငယ်တဦး ချောင်းကမ်းစပ်မှာရေချိုးနေတုန်း မိကျောင်းကိုက်ချီခံရပြီး သုံးရက်ခန့်ကြာတော့မှ ကလေးငယ်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့သာ ပြန်လည်ရရှိခဲ့ပါတယ်။

ဓာတ်ပုံ-ဆရာမအေးယုတင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013