DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမိုင်တိုင် ၁၀၀ ၌ အိမ်စီးကားတစီး မီးလောင်မှုဖြစ်ပွား
DVB
·
November 9, 2016
အမြန်လမ်းမိုင်တိုင် ၁၀၀ ၌ အိမ်စီးကားတစီး မီးလောင်မှုဖြစ်ပွား
Donate to DVB

နိုဝင်ဘာ ၈ ရက် ည ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၀/၅ ဖာလုံအနီးမှာ အိမ်စီးကားတစီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

နေပြည်တော်ဘက်မှ ရန်ကုန်ဘက် မောင်းနှင်လာတဲ့ ယာဉ်အမှတ် 5C / 8604 HONDA CRV အမျိုးအစားယာဉ်ဟာ နံပါတ်မပါ ဆိုင်ကယ်တစီးကို ယာဉ်ပေါ်တင်ဆောင်ပြီး မောင်းနှင်လာစဉ် ဆိုင်ကယ်အတွင်းမှ ဆီယိုစိမ့်ပြီး အိပ်ဇောပိုက်ပေါ်ကျကာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။

“ကျနော်တို့အဖွဲ့ ၁၀၃ မိုင်ဘက်ကို ရောက်နေတာ။ မီးလောင်တာတွေ့တော့မှ ပြေးလာရတာပေါ့။ ဆိုင်ကယ်ပါတယ်ဗျ ကားပေါ်မှာ၊ အဲဒီကဆီကြောင့် လောင်တာဖြစ်နိုင်တယ်။ ယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်" လို့ အမြန်လမ်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို မြို့ချောင်းအမြန်လမ်း မီးသတ်တပ်ဖွဲ့နဲ့ ဖြူးအမြန်လမ်း မီးသတ်တပ်ဖွဲ့တို့က မီးသတ်ကားနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ လာရောက်မီးငြှိမ်းသတ်ခဲ့ရပြီး ည ၁၀ နာရီလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်အား မြို့ချောင်းအမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ (ပ) ၁၃၂/၂၀၁၆ ရာဇာသတ်ကြီးပုဒ်မ ၂၇၉/၂၈၅/၂၀၂ အရ အမှုဖွင့်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ ယာဉ်မောင်းကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013