Homeမြန်မာသတင်း
မဟာချိုင် ရေဘေးသင့် မြန်မာအလုပ်သမားများ နေရပ်ပြန်နိုင်ရေး မြန်မာသံရုံးစီစဉ်ပေး
မဟာချိုင် ရေဘေးသင့် မြန်မာအလုပ်သမားများ နေရပ်ပြန်နိုင်ရေး မြန်မာသံရုံးစီစဉ်ပေး
ရွှေအောင်
·
November 8, 2011
[caption id="attachment_17531" align="alignright" width="310" caption="ရေဘေးဒုက္ခသည်မြန်မာအလုပ်သမားများ"]
[/caption]
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသက နေရပ်ပြန်ချင်တဲ့ ရေဘေးသင့် မြန်မာအလုပ်သမား ၁၀၀ ကို မြန်မာသံရုံးရဲ့ အစီအစဉ်နဲ့ ဒီနေ့ ပြန်ပို့ပေးမယ်လို့မြန်မာသံမှူး ဦးနိုင်ထွန်းက ပြောပါတယ်။
မြဝတီ - မဲဆောက် တံတားပေါ်ရောက်တဲ့ထိ စီစဉ်ပို့ဆောင်ပေးမှာလို့ ဦးနိုင်ထွန်းက ပြောပါတယ်။
“တံတားရောက်တဲ့ထိ စီစဉ်ဆောင်ရွက်ပြီး ပို့ပေးမှာပါ။ တံတားရောက်ရင် မြဝတီခရိုင် ဥက္ကဋ္ဌ ဦးဇော်လွင်ဦးဆီလည်း စာပို့ပေးပါမယ်။ ဘယ်အချိန်က စထွက်တယ်။ ဘယ်အချိန်မှာ ရောက်လာပါမယ်။ တံတားပေါ်မှာ ဘယ်အချိန်ကြိုပေးပါ။ နောက်ပြီးတော့ မဲဆောက်အဝင်မှာ ရှိနေတဲ့ ရဲစုပေါင်းဂိတ်(တောင်ကြားဂိတ်) လို့လည်းခေါ်တယ်။ရဲရှိတယ်၊ လဝကပေါ့နော် အဖွဲ့တွေအတွက်ကိုလည်း ကျနော်ကမေတ္တာရပ်ခံတဲ့စာကို ပြန်တဲ့အဖွဲ့တွေနဲ့ တခါတည်းထည့်ပေးပါမယ်။ ပြီးရင် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်ဘက်ကိုလည်း ကျနော်ဖုန်းနဲ့ညှိပြီးတော့မှ အခုလွှတ်လိုက်တဲ့အဖွဲ့ကို မစစ်ဆေးဖို့ အဲဒါကိုလည်း သက်ဆိုင်ရာနဲ့ ညှိနှိုင်းပါမယ်။”
မဟာချိုင်က ရေဘေးသင့်မြန်မာအလုပ်သမားတွေကို မဟာချိုင်မြို့နယ်၊ ကထုန်ဘန်နယ်မြေမှာရှိတဲ့ ဝတ်ခေါင် မေးဒေးယား မြန်မာဘုန်းတော်ကြီး ကျောင်းမှာ လောလောဆယ် လက်ခံစောင့်ရှောက်ထားပြီး အလုပ်သမား ၃ဂဝခန့် ရောက်ရှိနေတယ်လို့လည်း ဆိုပါတယ်။
နေရပ်မပြန်လိုကြတဲ့ အလုပ်သမားတွေအတွက် ယာယီနေထိုင်ခွင့် လက်မှတ်တွေကို မြန်မာသံရုံးက ထုတ်ပေးထားပြီး စားဝတ်နေရေးကို မြန်မာသံရုံးနဲ့ မြန်မာအလုပ်သမားအဖွဲ့အစည်းတွေကပဲ ကူညီဆောင်ရွက်ပေးနေကြပါတယ်။
ရေဘေးဒုက္ခသည် မြန်မာအလုပ်သမားတွေကို မြန်မာဘုန်းတော်ကြီး ကျောင်းတွေမှာ လက်ခံကူညီပေးနေပေမယ့် အစားအသောက်နဲ့နေထိုင်ရေးအတွက် အထောက်အပံ့ပေးဖို့ အများကြီးလိုအပ်နေပြီး ထောက်ပံ့ကူညီပေးကြပါလို့လည်း မြန်မာသံမှူးက ပြောပါတယ်။
[caption id="attachment_17533" align="alignright" width="310" caption="ဦးနိုင်ထွန်း"]
[/caption]
ရေကြီးတဲ့ရက် ကြာလာတာနဲ့အမျှ ရေဘေးသင့် မြန်မာအလုပ်သမားအရေအတွက် တိုးလာဖို့ရှိနေပြီး ထောင်နဲ့ချီရောက်လာရင် အခက်အခဲ အကြီးအကျယ် ကြုံလာနိုင်တယ်လို့လည်း ဆိုပါတယ်။
မဟာချိုင်ဒေသမှာ အအေးခန်းစက်ရုံ အပါအဝင် စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားသိန်းနဲ့ချီရှိနေပြီး၊ အဲဒီဒေသမှာ နိုဝင်ဘာ ၆ ရက်နေ့ကစပြီး ရေဘေးဒုက္ခ တွေ့ကြုံနေကြတာပါ။


