သြစတြေးလျတောမီး မထိန်းချုပ်နိုင်ဘဲ ပိုမိုပြင်းထန်လာ (ရုပ်သံ)

သြစတြေးလျနိုင်ငံ မြို့တော် ဆစ်ဒနီရဲ့ မြောက်ပိုင်းက တောမီးဟာ ရာသီဥတုပူပြင်းပြီး လေပြင်းတွေ တိုက်ခတ်နေတဲ့အတွက် မထိန်းချုပ်နိုင်ဘဲ ပိုပြီးပြင်းထန်လာတယ်လို့ သြစတြေးလျ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ နယူးဆောက်ဝေးပြည်နယ်တ၀န်း တောမီး ၅၀ လောက် တချိန်တည်း လောင်ကျွမ်းနေတယ်လို့ ပြည်နယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ မီးသတ်လေယာဉ်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ရာနဲ့ချီ မီးငြှိမ်းသတ်နေကြတယ်လို့ ဒေသခံမီဒီယာက ဆိုပါတယ်။ နယူးဆောက်ဝေးပြည်နယ် မီးသတ်တပ်ဖွဲ့ရဲ့ ဒုတိယကော်မရှင်နာမင်းကြီးကတော့ ဆစ်ဒနီမြို့ကို တောမီးကူးစက်လောင်နိုင်ခြေ များတယ်လို့ ပြောပါတယ်။ မြက်တွေ၊ ချုံပုတ်တွေက အတော်ကို ခြောက်သွေ့နေပြီး မီးစတချက်ထိလိုက်တာနဲ့ မီးလောင်နိုင်တယ်၊ ဒါကြောင့် ဆစ်ဒနီမြို့အတွက် အန္တရာယ်ကြီးတယ်လို့ ပြောလိုက်တာပါ။ မီးသတ်တပ်ဖွဲ့ဝင် ၁၀၀၀ ကျော် အချိန်ပြည့် မီးငြှိမ်းသတ်နေကြတယ်လို့လည်း ဆစ်ဒနီမြို့ခံ သတင်းတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up