Home အာရှဒေသ ကေမၻာဒီးယားအစိုးရက ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေး ဆေးခန်းတွေမှာပြသကြဖို့ ရုပ်မြင်သံကြား ရေဒီယိုများမှ တိုက်တွန်းနှိုးဆော်
ကမ္ဘောဒီးယားအစိုးရက ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေး ဆေးခန်းတွေမှာပြသကြဖို့ ရုပ်မြင်သံကြား ရေဒီယိုများမှ တိုက်တွန်းနှိုးဆော်
EPSON DSC picture ကမ္ဘောဒီးယား မိခင်တွေရဲ့ သေဆုံးမှုနှုန်းဟာ အာရှမှာ ဒုတိယအများဆုံးဖြစ်နေပါတယ်။ နှစ်စဉ်နှစ်တိုင်း အမျိုးသမီး ၂၀၀၀ ခန့်ဟာ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးဖွားအပြီး သွေးထွက်လွန်တာကြောင့် သေဆုံးကြပါတယ်။ အဲဒီအမျိုးသမီးတွေဟာ များသောအားဖြင့် ကျေးလက်ဒေသတွေက ဖြစ်ပြီး၊ သင့်တင့်ကောင်းမွန်တဲ့ ဆေးကုသမှု မရရှိခဲ့ကြပါဘူး။ ဒါပေမဲ့ အခု ကမ္ဘောဒီးယား အစိုးရပိုင် မီဒီယာတွေက ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ကျန်းမားရေး တိုးတက်ဖို့ ဆောင်ရွက်နေတဲ့အကြာင်း ကြေညာလိုက်ပါတယ်။ ဒီအကြောင်းကို ဖနွမ်းဖင်မြို့မှ သတင်းထောက် ဘိုရင်းနောင်(Borin Noun) က သတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။
ဆက်စပ်သတင်းများ