DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သည့် ရဲဒုတပ်ကြပ်ဈာပန ကျင်းပ
DVB
·
November 5, 2016
အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သည့် ရဲဒုတပ်ကြပ်ဈာပန ကျင်းပ
1 / 9
Donate to DVB

မောင်တောမြို့နယ် တောင်ပိုင်း နူရူလာ ရဲကင်းစခန်းကို နိုဝင်ဘာ ၃ ရက် ညနေပိုင်းက အကြမ်းဖက်သမား ၅ ဦး ဝင်ရောက်ပစ်ခတ်လို့ ကျဆုံးခဲ့ရတဲ့ ရှေ့တန်းရဲတပ်ရင်း ၂၂ က ရဲဒုတပ်ကြပ် မင်းမင်းစိုးရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ အမျှပေးဝေတာ၊ ကျဆုံးရဲဘော်အလေးပြုတာ၊ အမိန့်ပြန်တမ်း ဖတ်ကြားတာတွေပြုလုပ်ပြီး မောင်တောသုဿာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်သူကို ဖမ်းဆီးရမိတာ မရှိခဲ့ဘဲ ပစ္စတိုသေနတ် ၁ လက်၊ ပစ္စတိုအိတ် ၄ ခု၊ ဆိုင်ကယ် ၂ စီး၊ ဓာတ်ဆီဗုံးတစ်ခု အပစ်ခံရတဲ့ စခန်းရှေ့မှာ ရရှိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

သတင်းဓာတ်ပုံ - ကိုအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013