မောင်တောတွင် ဘင်္ဂါလီ ၃ ဦး ထပ်ဖမ်းမိ
DVB
·
November 5, 2016
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း မသင်္ကာဖွယ်ရာ ဘင်္ဂါလီသုံးဦး ထပ်မံဖမ်းဆီးရမိတယ်လို့ စစ်တပ်ပိုင်မြ၀တီသတင်းမှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၄ ရက်က မောင်တော၊ ဒုညောင်ပင်ကြီးရွာအနီးမှာ မသင်္ကာဖွယ်ရာ ဘင်္ဂါလီနှစ်ဦး ဖြစ်တဲ့ အာဘန်အာမာန်(ဘ) မာမွတ်အီစွတ်နဲ့ မော်ဘူဇူရာမာန်(ဘ)အီစမိုင်တို့ နှစ်ဦးကို တွေ့ရှိဖမ်းဆီးရမိခဲ့တယ်။
ဒါ့အပြင် ဇင်ပိုင်ညာကျေးရွာအုပ်စု၊ ဖူခါလီကျေးရွာနေ ဇာဖောအာမောက် (ဘ)ဟာဘက်အာမောက်ရဲ့ နေအိမ်မှာ မသင်္ကာဖွယ်ရာဘင်္ဂါလီများ ခိုလှုံရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှာဖွေစစ်ဆေးရာ အိမ်ရှင်ဖြစ်သူ ဇာဖောအာမောက်တစ်ဦးသာ တွေ့ရှိဖမ်းဆီးရမိခဲ့တယ်။
အဲ့ဒီ ဖမ်းဆီးရမိ ဘင်္ဂါလီသုံးဦးကို မောင်တောမြို့မရဲစခန်းထံ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၉ ရက် မောင်တောအကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဖမ်းဆီးထားသူပေါင်း ရာနဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။