DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်တွင် ဘိန်းခင်းများ ဖျက်ဆီး
DVB
·
November 5, 2016
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု ပင်ညိုရွာမှာ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေပူးပေါင်းပြီး နိုဝင်ဘာလ ၃ ရက်နေ့က မူးယစ်ဆေးဝါးလျှော့ချရေး စီမံကိန်းအနေနဲ့ ဘိန်းခင်းတွေ သွားရောက် ဖျက်ဆီးနေကြပါတယ်။

ဘိန်းခင်းဖျက်ရာမှာ ဘိန်းစိုက်တောင်သူတွေကိုပါခေါ်ယူပြီး  ဖျက်ဆီးခိုင်းတာဖြစ်ပြီး အဲ့ဒီဒေသမှာ ဘိန်းစိုက်ဧက ထောင်ချီရှိတာကြောင့်  မြင်သမျ ဘိန်းခင်းတွေကို ဖျက်ဆီး သွားမယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဆိုက်ခေါင်ရဲကင်းမှ ဒုရဲအုပ်ဝေမောင်မောင်က “ရဲအပိုင်းကတော့ မှုခင်းကျဆင်းရေးပေါ့။ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးပေါ့။ အဲ့အပိုင်းပဲ အဓိက လုပ်ဆောင်နေပါတယ်။ ကျနော်က ဆိုက်ခေါင်အပိုင်ဖြစ်တဲ့အတွက် ဆိုင်ခေါင်အပိုင်မှာပဲ လုပ်ဆောင်နေတာပေါ့။ သူတို့ အပိုင်အသီးသီးပေါ့ လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

ဘိန်းစိုက်တောင်သူတွေကတော့ ဘိန်းကို စိုက်ချင်လို့ စိုက်နေရတာ မဟုတ်ဘဲ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးလုပ်ကိုင်ရာမှာ အဆင်မပြေလို့ စိုက်ပျိုးရတာ ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

ဘိန်းစိုက်ရာမှာ ဘိန်းခင်းရှိတဲ့ရွာကို ဌာနဆိုင်ရာတွေက လာရောက်ကြည့်ပြီဆိုရင် ဘိန်းခင်းမဖျက်ဖို့ နားလည်မှုအနေနဲ့ ဘိန်းစိုက်တောင်သူတွေက ငွေပေးပြီး ညှိနှိုင်းတာတွေရှိတယ်လို့လည်း ဆိုပါတယ်။

ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကတော့ ဘိန်းခင်းတွေကို တပြိုင်နက် ဖျက်ဆီးလိုက်ရင် တောင်သူတွေ ဒုက္ခရောက်သွားမှာစိုးရိမ်တဲ့အကြောင်းနဲ့ ဘိန်းအစားထိုး သီးနံတွေ စိုက်ပျိုးဖို့ တွန်းအားပေးသွားမယ်လို့ ပြောပါတယ်။

ဘိန်းခင်းဖျက်ရာမှာတော့ ရဲတပ်ဖွဲ့၊ တပ်မတော်၊ စိုက်ပျိုးရေးဌာန၊ သစ်တော စတဲ့ ဌာနဆိုင်ရာတွေလည်းပါဝင်ပြီး မနေ့က  ဘိန်းခင်း ၁ ဧကဝန်းကျင်လောက် ဖျက်ဆီးခဲ့ပါတယ်။

သတင်း - ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013