Home
အနုပညာ
ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ဒါရိုက်တာမောင်မျိုးမင်းကို တရားစွဲမည်
DVB
·
November 4, 2016
အရုဏ်ဦးဂျာနယ်မှာ ရေးသားဖော်ပြချက်တွေဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့  သိက္ခာကို ထိပါးစေတဲ့ စကားလုံးတွေ ဖြစ်တာကြောင့် ဒါရိုက်တာမောင်မျိုးမင်းကို တရားစွဲဆိုမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌလူမင်းက  ဒီဗွီဘီကို ပြောပါတယ်။ ဦးလူမင်းအနေနဲ့  အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာမောင်မျိုးမင်းကို တောင်းပန်ဖို့ သတိပေး အကြောင်းကြားစာကို သီတင်းတပတ် အချိန်ပေးပြီး ပေးပို့ခဲ့ပေမယ့် တုံ့ပြန်ခြင်း မရှိခဲ့တာကြောင့် အခုလို ဥပဒေအကြောင်းအရ တရားစွဲဆိုရတာလို့ဆိုပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက “အပြာကားဆန်ဆန် တဏှာရူးဆန်ဆန် ဇာတ်ရုပ်တွေကို  ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌကအစ ရိုက်ကူးတယ်။ ဘယ်လို လေးစားရမလဲ ဆိုလာသူ ဒါရိုက်တာမောင်မျိုးမင်းဆိုတဲ့ ခေါင်းစဉ်မှာ ရေးသားဖော်ပြချက်တွေနဲ့  အရုဏ်ဦးဂျာနယ်မှာ ရေးသားဖော်ပြချက်တွေနဲ့ ပတ်သက်ပြီးတော့ အခုလို ဥပဒေအကြာင်းအရ  ဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာတာပါ”လို့ပြောပါတယ်။ သရုပ်ဆောင်လူမင်းအနေနဲ့ လက်ရှိ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတာဝန်ကို ယူထားပေမယ့် သရုပ်ဆောင်ပိုင်းနဲ့  မသက်ဆိုင်ဘူးလို့လည်းပြောပါတယ်။ “သရုပ်ဆောင်တယောက်အနေနဲ့ လူသတ်သမားကြီးလည်း လုပ်ရပါလိမ့်မယ်၊ လူယုတ်မာကြီးလည်း လုပ်ရပါလိမ့်မယ်။ အဲဒါသည် လူမင်း မဟုတ်ဘူး။ ဥက္ကဋ္ဌ မဟုတ်ဘူး၊ ဇာတ်ကောင် ကာရိုက်တာဖြစ်တဲ့ မောင်ဖြူ၊ မောင်နီသာ ဖြစ်တယ်။” [caption id="attachment_174747" align="alignright" width="500"]ရုပ်ရှင်အစည်အရုံးဥက္ကဋ္ဌ ဦးလူမင်း ရုပ်ရှင်အစည်အရုံးဥက္ကဋ္ဌ ဦးလူမင်း[/caption] သတိပေးအကြောင်းကြားစာ ပေးပို့ထားတဲ့ ၁ ပတ်အတွင်း ဒါရိုက်တာ မောင်မျိုးမင်း အနေနဲ့  တောင်းပန်တာနဲ့  ဆက်သွယ်ဆွေးနွေးမှု တုံ့ပြန်မှုမျိုးတွေ မရှိခဲ့ဘူးလို့လည်း ဦးလူမင်းက ပြောဆိုပါတယ်။ သတင်း - သူဇာလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024