DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပထမဆုံး ကျန်းမာရေးစောင့်ရှောက်မှု Call Center ဖွင့်လှစ်
DVB
·
November 4, 2016
Donate to DVB

ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို မိုဘိုင်းဖုန်းကတဆင့် ၁ မိနစ် ၁၀၀ ကျပ်နှုန်း ဆွေးနွေးတိုင်ပင်နိုင်တဲ့ 7887 Healthcare Call Center ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်ပါတယ်။

Healthcare Call Center မိတ်ဆက်ပွဲကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ နိုဝင်ဘာလ ၃ ရက်က အခမ်းအနားနဲ့ တရားဝင်ဖွင့်လှစ်လိုက်တာ ဖြစ်ပြီး အဲဒီစင်တာကို ဖုန်းဆက်သွယ် ခေါ်ဆိုမေးမြန်းဆွေးနွေးတိုင်ပင်ရာမှာ ဖုန်းခေါ်ဆိုခအပြင် ကျန်းမာရေး ဝန်ဆောင်ခအနေနဲ့ ၁၀၀ ကျပ် ပေးဆောင်ရမှာဖြစ်ပါတယ်။

အဆိုပါ Call Center ကနေ မိမိခံစားနေရတဲ့  ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး တိုင်ပင်တာ၊  ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတနဲ့ ပတ်သပ်ပြီး မေးမြန်းနိုင်တာတွေအပြင် အထူးကုဆရာဝန်ကြီးတွေရဲ့ ဆေးရုံ ဆေးခန်း အချိန်ဇယားတွေကို စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆေးရုံ ဆေးခန်းနဲ့ တခြားကျန်းမာရေးဆိုင်ရာဌာနတွေကို စုံစမ်းတာ၊  မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်ပြီး တိုင်ပင်တာ၊၊ အလှအပရေးရာနဲ့ လူနေမှုဘဝပုံစံ အကြောင်းတွေကို ဆွေးနွေးတာနဲ့ ရင်တွင်းခံစားချက်တွေကို ဝေမျှတိုင်ပင်တာနဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေကို နေ့စဉ် နားဆင်နိုင်မှာလည်း ဖြစ်ပါတယ်။

ဖုန်းခေါ်ဆို ဆက်သွယ်မေးမြန်းရာမှာ ဆရာဝန်တွေကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပြီး အိမ်တွင်းကုထုံးတွေနဲ့ ဆေးဝါးတွေကို ပေးတာ၊  ရှေးဦးပြုစုနည်းတွေကို သင်ကြားပေးတာ၊ ကျန်းမာရေးနဲ့  ဆက်စပ်တဲ့ မေးခွန်းတွေကို ဖြေကြားပေးတာတွေအပြင်၊ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းတွေကို ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013