ဟားခါးတွင် ထမင်းပေါင်းပေါင်းအိုး အပူလွန်ကဲရာမှ မီးလောင်၊ လူ ၁ ဦးသေဆုံး
DVB
·
November 4, 2016
ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက် ခိုင်ကမ်း အားကစားကွင်းအောက်ဘက်မှာ နိုဝင်ဘာ ၄ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ခန့်က သိပ်မိုး ပျဉ်ခင်းပျဉ်ကာ ၂ ထပ် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။
သက်ဆိုင်ရာရဲ့စစ်ဆေးချက်တွေအရ ထမင်းပေါင်းအိုးအပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
နေအိမ်မီးလောင်မှုကြောင့် အိပ်ပျော်နေတဲ့ အိမ်ရှင်ဖြစ်သူ အသက် ၄၈ နှစ်အရွယ် ဦးကျုံအုပ် (အထက ၃ အထွေထွေလုပ်သား) မီးလောင်သေဆုံးသွားခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၂ စီး ရေသယ်ယာဉ် ၂ စီးတို့နဲ့ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့လို့ အခြားနေအိမ်တွေကို ကူးစက်မှုမရှိခဲ့ပါဘူး။
မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး ၁၅၀၀၀၀ ခန့်ဆုံးရှုံးသွားတယ်လို့ မီးသတ်ဌာနရဲ့ တွက်ချက်မှုအရ သိရပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး ဟားခါးမြို့နယ်ရဲစခန်းမှ (ပ)၄၅/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၂၈၅ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း ဟားခါးမြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်မှုး ရဲမှူး ကြည်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။
သတင်း-အောင်ကိုလတ်၊ ဓာတ်ပုံ-မင်ကျုံး