DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွား
DVB
·
November 6, 2011
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွား
1 / 2
Donate to DVB

ကချင်ပြည်နယ်အတွင်း နေရာ အတော် များများမှာ နိုဝင်ဘာ ၆ ရက်ကစပြီး တိုက်ပွဲတွေ အပြင်းအထန်​ ​ဖြစ်ပွားနေတယ်လို့ ကေအိုင်အို ပြောခွင့်ရ ဦးလနန်းက ပြောပါတယ်။

“အဓိက ဖြစ်တာက ၀ိုင်းမော်မြို့ အထက်ပေါ့။ အဲဒီမှာ စစ်ကြောင်းတခု ၀င်ပြီး ရွာကို မီးရှို့တာတွေ လုပ်တယ်။ နောက်တခုက  ဂါးယန်ဘက်မှာလည်း ဖြစ်တယ်ဗျ။ ဂါးယန်ဘက်က တနေကုန် မနက်ညသန်ခေါင်းယံအထိ ဖြစ်တယ်။ နောက်နေ့မနက် မိုးလင်းတာနဲ့ ပြန်ဖြစ်တယ်။ တပ်မဟာ ၃ ဘက်မှာလည်း ဖြစ်နေတယ် ပြောတယ်။ ဒီနေ့မနက်ကစပြီး သေနတ်သံတွေ မြည်နေကြပြီ။”

အစိုးရစစ်တပ်က တပ်မတွေနဲ့ နယ်မြေခံတပ်တွေ ပူးပေါင်းပြီး နိုဝင်ဘာ ၆ ရက်မှာ ပူးပေါင်းစစ်ဆင်ရေးလုပ်တာလို့ ဆိုပါတယ်။ ကေအိုင်အိုက ရရှိထားတဲ့ သတင်းတွေအရ ကချင်ပြည်နယ်ထဲ အစိုးရစစ်တပ်က တပ်မ ၈၈ အပါအ၀င် တပ်မတွေ ထပ်တိုးချထားပြီး ခန့်မှန်းခြေ တပ်အင်အား နှစ်ထောင်လောက်နဲ့ စစ်ဆင်ရေး လုပ်မယ်လို့ သိရပါတယ်။
အစိုးရက တဘက်က ငြိမ်းချမ်းရေး စကားပြောနေပြီး တဘက်က ခုလို
ထိုးစစ်ဆင်နေတဲ့အပေါ် ဦးလနန်းက ခုလို မှတ်ချက်ပေး ပြောပါတယ်။

“သူတို့ လုပ်နေတဲ့ကိစ္စ အပစ်အခတ် ရပ်စဲရေးတွေ လုပ်မယ်။ ဆက်ဆံရေးရုံးတွေ ပြန်ဖွင့်မယ်။ နောက်ပြီးတော့ တဖက်နဲ့တဖက် နေရာသတ်မှတ်မယ်။ သွားလာတာ ကြိုတင်သတင်းပေးပြီး လုပ်ကြမယ်။ ဒေသဖွံ့ဖြိုးရေးကို ၀ိုင်းဝန်းပြီး စုပေါင်းလုပ်ကြမယ်ဆိုတဲ့သဘောပေါ့။ ဒီကာလ ဒီလိုမျိုးကတော့ ကျနော်တို့ ၁၇ နှစ် လုံးလုံး ကျနော်တို့ ကျော်ဖြတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နိုင်ငံရေးနည်းလမ်းနဲ့ ဘယ်တော့အခါမှ ပြောဆိုဆွေးနွေးတာမျိုး မပေါ်ခဲ့ဘူး။ အခုလည်း အဲပုံစံလုပ်တဲ့အနေနဲ့ ထိုးစစ်ကို အရှိန်မြင့်ပြီး လုပ်လာတဲ့ ကိစ္စလို့ ပြောလို့ရပါတယ်ခင်ဗျ။”

ကချင်ပြည်နယ်ထဲ ပြီးခဲ့တဲ့ ဇွန်လကတည်းက အစိုးရတပ်နဲ့ ကချင် လွတ်မြောက်ရေးတပ် ကေအိုင်အေတို့ တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ အပတ်ထဲ ပြုလုပ်တဲ့ လွှတ်တော်ထဲ ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စ ကိုယ်စားလှယ်တဦးက မေးတာကို နယ်စပ်ဒေသ လုံခြုံရေးဝန်ကြီးက​ ​ပြန်လည်​ ​ဖြေကြားရာမှာ ကေအိုင်အေက ခုချိန်ထိ မိုင်းထောင်၊ လူသတ် လုပ်နေတုန်းလို့​ ​ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013