DVB Logo
Home
မြန်မာသတင်း
ရှေ့နေ၊ ဆရာဝန်နှင့် ကျောင်းသားများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို တိုင်ကြား
DVB
·
November 6, 2011
ရှေ့နေ၊ ဆရာဝန်နှင့် ကျောင်းသားများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို တိုင်ကြား
Donate to DVB

နိုင်ငံရေး အကျဉ်းကျခံရသူများအတွက် အသက်မွေးဝမ်းကျောင်း လိုင်စင်နဲ့ ကျောင်းပြန်ဆက်တက်ခွင့်ရရှိရေး သတင်းစာရှင်းလင်းပွဲတရပ်ကို ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗနုလမ်းထောင့်ရှိ အိုလံပစ်တာဝါမှာ ဒီနေ့ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

[caption id="attachment_17464" align="alignleft" width="298" caption="သတင်း​စာ​ ​ရှင်း​လင်း​ပွဲ"][/caption]

အကျဉ်းချခံရတဲ့အပြင် လုပ်ငန်းလိုင်စင်လည်း အသိမ်းခံရ၊​ ​ကျောင်းပြန်တက်ခွင့်မရတဲ့ ရှေ့နေတွေ၊​ ​ဆရာဝန်တွေ၊​ ​ကျောင်းသားတွေ​ ​စုပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားစာပေးပို့မှာဖြစ်ပြီး၊ သမ္မတထံလည်း​ ​ပေးပို့သွားမှာ​ ​ဖြစ်တယ်လို့ ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

ဒီကော်မရှင်ကို ယုံကြည်လို့​ တိုင်ကြားစာ ပေးပို့မှာလားဆိုတော့ ဦးအောင်သိန်းက​ ​ခု​လို​ ​ပြော​ပြပါ​တယ်​။

“ကျနော်တို့က ယုံကြည်ထားလို့ တင်တာလို့ ပြောလို့မရဘူးဗျ။ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့  ဌာနတခု၊ အခွင့်အလမ်းတခုပေါ့ဗျာ။ ဒီအပေါ်မှာသူတို့ ဘယ်လောက်အထိ လုပ်ပေးနိုင်မလဲဆိုတဲ့ သဘောကို သိချင်လို့ ကျနော်တို့ တင်တာပါ။ လမ်းကြောင်းတခု ဖွင့်ထားတာကို လျှောက်ကြည့်တဲ့ သဘောပါပဲ။”

ဆရာဝန်လိုင်စင်သိမ်းခံထားရတဲ့ အမရပူရက ဆရာဝန်​ ​ဒေါက်တာဇော်မြင့်မောင်၊​ ​ရှေ့နေ​ ​ရောဘတ်ဆန်းအောင်၊ ဦးအောင်သိန်း အပါအ၀င် ရှေ့နေ၊ ဆရာဝန်နဲ့ ကျောင်းသား စုစုပေါင်း ၂၅ ယောက်ခန့်က သူတို့ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို​ တိုင်ကြားကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013