ကျပ် ၁ သောင်းတန် ငွေစက္ကူ အတုများ တာချီလိတ်တွင်ဖမ်းမိ

  ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူထံမှ ငွေကျပ် ၁သာင်းတန် ငွေစက္ကူ အတု သိန်း (၁၀၀)ကျပ် ဖမ်းဆီးရမိခဲ့တယ်လို့  ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာ တွေမှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့က တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်နေ ငွေလဲလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ရွှေမြင့်ထံမှာ  မြို့ခံအမျိုးသမီးတဦးက ထိုင်းဘတ်ငွေကနေ မြန်မာငွေသွားရောက်လဲ လှယ်ခဲ့ရာမှာ ပါလာတဲ့မသင်္ကာဖွယ်ရာ မြန်မာငွေကျပ် တစ်သောင်းတန် ၁၀၀ ရွက်ပါ (၅)အုပ်ကို ကမ္ဘောဇဘဏ်မှာ အတုအစစ်စစ်ဆေးကြည့်ရာ ငွေစက္ကူအတုတွေ ဖြစ်နေကြောင်းသိရှိလို့ ရဲစခန်းကို တိုင်ကြားခဲ့တာလို့ဆိုပါတယ်။ ငွေစက္ကူအတုတွေ လဲလှယ်ပေးခဲ့တဲ့  ငွေလွှဲလုပ်ငန်း လုပ်ကိုင် သူ ဒေါ်ရွှေမြင့်ကို တာချီလိတ်မြို့ မြို့မရဲစခန်းက ခေါ်ယူစစ်ဆေးပြီး ဥပဒေအရ အရေးယူဖို့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up