Sunday, May 28, 2023
HomeLead Storyရွေးကောက်ပွဲ စောင့်ကြည့်လေ့လာလိုသူများ စတင်လျှောက်ထားနိုင်

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာလိုသူများ စတင်လျှောက်ထားနိုင်

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်တွင်းပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့ လာလိုသူများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖိတ်ခေါ်လိုက်ပြီး ဒီနေ့ကစလို့ ၂၀၁၇ မတ်လ ၁၅ ရက်အထိ စောင့်ကြည့်လေ့လာခွင့်လျှောက်ထားနိုင်ကြပြီဖြစ်ပါတယ်။

ပြည်တွင်းပြည်ပရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ ကိုလည်း ကော်မရှင်က ထုတ်ပြန်ထားပြီး ကော်မရှင်ဝက်ဘ်ဆိုဒ်မှာ ၀င်ရောက်ကြည့်ရှု ဒေါင်းလုပ်ရယူနိုင်တယ်လို့လည်း ကော်မရှင်ကြေညာချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူပေါင်း ၁၁၀၀၀ ကျော် ရှိခဲ့ပါတယ်။

လစ်လပ်မဲဆန္ဒနယ် ၁၉ခုအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေကို ၂၀၁၇ ဧပြီ၁ရက်မှာ ကျင်းပမှာ ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပမယ့် အချိန်ဇယားကို ကော်မရှင်က ထုတ်ပြန်ထားသလို ရွေးကောက်ပွဲကျင်းပမယ့်မြို့နယ်တွေမှာလည်း မဲစာရင်းတွေ စတင် ကောက်ယူနေပြီ ဖြစ်ပါ တယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular