မောင်တောတွင် နယ်မြေရှင်းလင်းစဉ် သေနတ်နှင့် ကျည်ဆန်အချို့ သိမ်းဆည်းရမိ
DVB
·
November 2, 2016
နယ်ခြားစောင့် စခန်းကို အောက်တိုဘာလ ၉ ရက်နေ့ စီးနင်းတိုက်ခိုက်သူတွေ ယူဆောင်သွားခဲ့တဲ့ သေနတ် ၁ လက်နဲ့ ကျည်အချို့ကို မောင်တောမြို့နယ်မှာ မနေ့က နယ်မြေရှင်းလင်းစဉ်ဆောင်စဉ် တွေ့ရှိခဲ့တယ်လို့ ပြန်ကြားရေး သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့်ရဲ့တပ်ဖွဲ့ဝင် များပါဝင်တဲ့ ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် သက္ကယ်ပြင်ရွာနှင့်ဝါးပိတ်ရွာကြား စပါးခင်းအတွင်းမှ အမ်အေ-၁၁ သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၄င်းကျည် ၂၀ စောင့်တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိတဲ့ သေနတ်မှာ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူတွေ ယူဆောင်သွားခဲ့တဲ့ သေနတ်ဖြစ်ကြောင်း သိရှိရပါတယ်။
သိမ်းဆည်းရမိခဲ့သည့် လက်နက်၊ ခဲယမ်းများအား နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။