Home
မြန်မာသတင်း
မြစ်သာမြစ်ကူးကြိုးတံတား ရေတိုက်စား၍ မျောပါ ပျက်စီး
DVB
·
November 1, 2016
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ရှိ ကိုယ်ထူကိုယ်ထ မြစ်သာမြစ်ကူးကြိုးတံတား အောက်တိုဘာလ ၃၀ ရက်နေ့က ရေတိုက်စားပြီး မျောပါ ပျက်စီးသွားခဲ့ပါတယ်။ ဂန့်ဂေါမြို့နယ်အတွင်းရှိ သာလင်း၊ မြင်သား မြစ်သာ မြစ်ကူးကြိုးတံတားဟာ မိုးများပြီး ရေကြီး၊ ရေလျှံမှုကြောင့် အောက်တိုဘာလ ၃၀ ရက် ညနေပိုင်းက ကြိုးတံတားတခုလုံး၊ ရေလယ်တိုင်၊ ရေတိုက်စားမှုဖြစ်ပြီး မြစ်အထက်ပိုင်းသို့ ရေတိုက်စား မျောပါခဲ့တာပါ။ မြစ်သာမြစ်ကူးကြိုးတံတားဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၄ ရက်နေ့မှာ မြစ်အထက်ပိုင်းသို့ ၅ ပေခန့် တိမ်းစောင်းပြီး ၁ ပေခွဲခန့် နိမ့်ဝင်မှု ဖြစ်ပွားခဲ့ဖူးပါတယ်။ ကြိုးတံတားဟာ သံကြိုး ၈ ကြိုးနဲ့ တပ်ဆင်ပြုလုပ်ထားတာဖြစ်ပြီး ရေတိုက်စားမှုကြောင့် ၄ ကြိုးမျောပါပြီး၊ ၄ ကြိုးသာကျန်ရှိခဲ့ပါတယ်။ မြစ်သာမြစ် အနောက်ဘက်ကမ်းနဲ့ အရှေ့ဘက်ခြမ်းကို ကြိုးတံတားနဲ့ ဆက်သွယ်ထားတာဖြစ်ပြီး မြစ်အရှေ့ဘက်ခြမ်းမှာ အိမ်ခြေ ၃၀၀၀ ခန့် လူဦးရေ ၁၅၀၀၀ ခန့်နေထိုင်ကြတာပါ။ အခုအခါ မြစ်အရှေ့ဘက်ခြမ်း နေထိုင်တဲ့သူတွေ လုံးဝ အခက်အခဲတွေ ပေါ်နေပါတယ်။ အဲဒီ ကြိုးတံတား တစင်းသာ အားကိုးအမှီပြု သွားလာနေရတဲ့ ကြိုးတံတားလည်း ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ယောသားလေး -သန်းဝင်းနိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024