DVB Logo
Home
မြန်မာသတင်း
အမေရိကန်သံတမန် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် တွေ့ဆုံ
DVB
·
November 4, 2011
Donate to DVB

မကြာသေးမီက လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်တွေနဲ့ အမေရိကန် သံတမန်တွေ ဒီကနေ့ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပေါ်စနာ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စာလှယ် ဒယ်ရစ်မစ်ချယ်တို့ ပါဝင်တဲ့ အမေရိကန်ကိုယ်စားလှယ်​ အဖွဲ့နဲ့ မကြာသေးမီကလာကမှ အကျဉ်းထောင် အသီးသီးကနေ ပြန်လည် လွတ်မြောက်လာတဲ့ ကိုဇာဂနာ၊ ကိုကိုကြီး (စမ်းချောင်း)၊ ကိုညီညီဦး၊ ကိုအာကာဘို၊ မစုစုနွေးနဲ့ ဒေါ်ထက်ထက်ဦးဝေတို့ တွေ့ဆုံခဲ့ကြတာပါ။

အဲဒီတွေ့ဆုံပွဲမှာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ မြန်မာအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်နေတာနဲ့ ပတ်သတ်ပြီး ဆွေးနွေးကြသလိုပဲ နိုင်ငံရေးအကျဉ်းဟောင်းတွေကလည်း အကျဉ်းထောင်ထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အတွက်လည်း ဆွေးနွေးခဲ့ကြတယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက် ​ကျောင်းသားများအဖွဲ့မှ ကိုကိုကြီး စမ်းချောင်းက ပြောပါတယ်။

“အဓိကကျတဲ့လူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးမယ်ဆိုရင် သူတို့မှာလည်း မြန်မာပြည်သူတွေနဲ့ ပတ်သက်တဲ့ ပိုမိုတဲ့ အစီအစဉ်တွေ စီစဉ်ထားတာတွေ ရှိပါတယ် ဆိုတာကို သူတို့ ပြောခဲ့တယ်တဲ့။ နောက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကိုလည်း ဝါရှင်တန်ကို ဖိတ်ခဲ့တယ်ပေါ့နော်။ ဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ နွေးထွေးတဲ့ ဆက်ဆံမှု မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံနဲ့ဟာ နွေးထွေးတဲ့ ဆက်ဆံမှု ရှိတယ်ဆိုတာ ပြခဲ့တယ်ပေါ့နော်။ ဒိထက်ဆက်ပြီးတော့ ပိုပြီးတော့ ကောင်းလာမယ်လို့ သူတို့က မျှော်လင့်ပါတယ်ပေါ့နော်။”

မြန်မာအစိုးရနဲ့ အမေရိကန်အစိုးတို့ကြားမှာ သဘောတူညီ တချို့ ရခဲ့တယ်လို့လည်း အဲဒီဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူတွေက ပြောကြပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) မှ ကိုအာကိုဘိုက “နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာဖို့အတွက် အမေရိကန်အစိုးရနဲ့ မြန်မာအစိုးရ ဘာတွေ သဘောတူညီမှု ရခဲ့တယ်ပေါ့နော်၊ ဘာတွေ ပေးလိုက်ရတယ်၊ မြန်မာအစိုးက ဘာတွေရလဲပေါ့နော်။ နောက် နိုင်ငံရေအကျဉ်းသားတွကို လွတ်ပေးဖို့အတွက် အမေရိကန်အစိုးရအနေနဲ့ အခု လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရအပေါ်ကို ဘယ်လို ကူညီတိုက်တွန်းနိုင်မလဲ​ပေါ့နော်။ နေပြည်တော်မှာ မြန်မာအစိုးရနဲ့ သူတို့ ပူးပေါင်း ဒိုင်ယာလော့တခု ရခဲ့တယ်ပေါ့နော်။ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးက အမေရိကန်​ အစိုးရနဲ့​ ​မြန်မာအစိုးရရဲ့ ဆက်ဆံရေးနဲ့ တိုက်ရိုက်အချိုးကျတာပေါ့။ အဲဒါက အရေးအကြီးဆုံး အကြောင်းအရာတခု ဖြစ်တယ်ပေါ့နော်” လို့ ပြောပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တို့ဟာ မနေ့က မြန်မာအစိုးရရဲ့ ၀န်ကြီးတချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး မြန်မာအစိုးရနဲ့လည်း သဘောတူညီမှုတချို့ ရခဲ့တယ်လို့လည်း ဒီကနေ့ တွေ့ဆုံခဲ့သူတွေက ပြောကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013