ထိုင်ခုံခါးပတ်မပတ်သည့် ယာဉ်မောင်းများကို ငွေ ၃ သောင်း ဒဏ်ရိုက်အရေးယူမှု စတင်
DVB
·
November 1, 2016

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ဒီနေ့ နိုဝင်ဘာ ၁ ရက်နေ့က စပြီး ယာဉ်မောင်းသူတွေနဲ့ လိုက်ပါစီးနင်းသူတွေ ထိုင်ခုံခါးပတ်မပတ်ရင် ဒဏ်ကြေး ငွေကျပ် ၃ သောင်း ဒဏ်ရိုက် အရေးယူခံရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ ပြဋ္ဌာန်းခဲ့တဲ့ မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၅၄ အပိုဒ်ခွဲ(င) အရ သတ်မှတ်ထားသည့် မော်တော်ယာဉ်ကို မောင်းနှင်စဉ် ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများသည် အသက်ကယ်ထိုင်ခုံခါးပတ်ကို တပ်ဆင်မှုပြုရမယ်လို့ ပါရှိပါတယ်။
ပုဒ်မ ၅၄(င) ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ကျပ် ၃ သောင်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်ဟု မော်တော်ယာဉ်ဥပဒေပုဒ်မ ၆၂ မှာ ဖော်ပြထားရှိပါတယ်။