DVB Logo
Home
မြန်မာသတင်း
အင်းသားအမျိုးသားနေ့ ပထမဆုံးအကြိမ်ကျင်းပ
DVB
·
October 31, 2016
အင်းသားအမျိုးသားနေ့ ပထမဆုံးအကြိမ်ကျင်းပ
1 / 6
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ အင်းသားအမျိုးသားနေ့ပွဲတော် အခမ်းအနားကို ပထမဆုံးအကြိမ်  ကျင်းပနေရာမှာ ထောင်ပေါင်းများစွာသော အင်းသူအင်းသားတွေ ပါဝင်ဆင်နွဲနေကြပါတယ်။

အင်းလေးဒေသမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ရောက်တိုင်း   အင်းသားဆုံဆည်းရာနေ့ကို ကျင်းပခဲ့ရာမှာ လူထုရဲ့တောင်းဆိုမှုကြောင့် ဒီနှစ်ကစ သတ်မှတ်ကျင်းပတာလို့ အင်းသားအမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီ နာယက၊  အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ပြောပါတယ်။

“အရင်နှစ်တွေကတော့ အင်းသားဆုံဆည်းရာနေ့ လုပ်တယ်ပေါ့။ ဒီတနှစ်ကျတော့ လူထုက လည်း တောင်းဆိုတယ်လေ၊ သူများတွေလည်း အမျိုးသားနေ့ရှိတယ်။ ကျနော်တို့လည်း ရှိသင့်တ ယ်ဆိုပြီးတော့ လုပ်ကြတာပေါ့၊ အမျိုးသားနေ့ကို ဒီလိုကျင်းပတာဟာဖြင့် ကိုယ့်အမျိုးသားအရေး အတွက်တင်မကဘဲနဲ့ တနိုင်ငံလုံးအရေးအတွက် ကျရာအခန်းကဏ္ဍကနေ တခြားတိုင်းရင်း သား နည်းတူ အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ဖို့ပေါ့။ နောက် အမျိုးသားရေးစိတ်ဓာတ်ဆိုတာ စည်းရုံးလွယ်တယ်လေ၊  တက်လည်းတက်ကြွတယ်၊ အားလည်းရှိတယ်။ ဒီဟာကို တွန်းပြီးတော့ ပြည်ထောင်စုအကျိုးအတွက် ဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။”

ဒါ့အပြင် တန်ဆောင်မုန်းလဆန်းဟာ ကြယ်တွေစုံသောလ၊ ပညာရှိစာဆိုတော်တွေ ထွန်းကားတဲ့ စာဆိုတော်သမယ၊  အင်းလေးဒေသ ဖောင်တော်ဦး ဘုရားကျောင်းတော်ဝင်ချိန်  စတဲ့င်္ဂလာရှိတဲ့ အချိန်ကာလတွေ နဲ့ တိုက်ဆိုင်နေတာကြောင့် နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ကို အင်းသားအမျိုသားနေ့အဖြစ်သတ်မှတ်တာလို့လည်းဆိုပါတယ်။  

ပထမဆုံးအကြိမ် အင်းသားအမျိုးသားနေ့ပွဲတော်ကို အောက်တိုဘာလ ၂၉ ကနေ ၃၁ ရက်ထိ ၃ ရက်တိုင်ကျင်းပပြီး  ပွဲတော်မှာ အင်းရိုးရာလှေပြိုင်ပွဲ၊ အလှမယ်ပြိုင်ပွဲ ၊ အားကစားပြိုင်ပွဲ နဲ့အတူ စာအောင်သံဃာတော်တွေကို ဆုချီးမြှင့်ဆက်ကပ်တာနဲ့၊ ကထိန်သင်္ကန်း တွေပါ ကပ်လှူခဲ့ကြပါတယ်။

ဒီကနေ့မနက်ကျင်းပတဲ့ အင်းသားအမျိုးသားနေ့ပွဲတော်ကို ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနဲ့တကွ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်အပြင် ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုးအစရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေပါ အတူလာ ရောက်ဆင်နွှဲ ခဲ့ကြပါတယ်။  

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013