အစိမ်းရောင် စီးပွားရေးနဲ့ဖွံ့ဖြိုးရေးကွန်ဖရင့် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
ရွှေအောင်
·
November 4, 2011
နေပြည်တော်နဲ့ ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ အစိမ်းရောင် စီးပွားရေးနဲ့ဖွံ့ဖြိုးရေးကွန်ဖရင့် တက်ရောက်ခဲ့သူတွေဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာတွေနဲ့ ပတ်သက်ပြီး ကြားဖူးနားဝတော့ ရှိသွားနိုင်ပါတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတဦးဖြစ်တဲ့ ဦးဝင်းမျိုးသူရက ပြောပါတယ်။
[caption id="attachment_17421" align="alignleft" width="300" caption="photo-DVB"][/caption]
“သူတို့အနေနဲ့ ဒီအသုံးနှုန်းနဲ့ ဒီ concept (အယူအဆ) လေးတော့ ကြားဖူးနားဝ ဖြစ်သွားအောင်တော့ အထောက်အကူပြုမယ်လို့ ကျနော်ထင်ပါတယ်။ သို့သော်လည်းပဲ ရှေ့လုပ်ရမယ့် အလုပ်တွေကတော့ အများကြီး ကျန်ဦးမှာပေါ့နော်။ ကောင်းတာတခုကတော့ ဒီမှာ နိုင်ငံရေးပါတီတွေ လာတက်တယ်။ ဒီနေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လာတက်တယ်။ အဲဒီတော့ သူတို့အနေနဲ့ ကြားဖူးနားဝ ရှိသွားတာပေါ့ဗျာ။ အဲဒီလိုတော့ ကျနော် မြင်ပါတယ်။”
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ အစိမ်းရောင်ကွန်ဖရင့်ကို နေပြည်တော်နဲ့ ရန်ကုန်မှာ လေးရက်ကြာ ကျင်းပခဲ့တာဖြစ်ပြီး လူမှုအဖွဲ့အစည်းတွေ၊ အစိုးရဌာနတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံရေးပါတီတွေ အပါအ၀င် လူဦးရေသုံးရာလောက် ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ပွဲကို ကုလသမဂ္ဂအထူးသံ နမ်ဘီယာ တက်ရောက်ခဲ့ပြီး အစိုးရပိုင်းကတော့ သစ်တောဝန်ကြီး ဦးဆောင် တက်ရောက်ခဲ့ပါတယ်။
ရန်ကုန်မှာ ပြုလုပ်တဲ့ပွဲကိုတော့ ကွန်ဖရင့်နောက်ဆုံးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် နားထောင် လေ့လာသွားပါတယ်။
အမေရိကန်၊ နော်ဝေတို့အပါအ၀င် နိုင်ငံပေါင်း ကိုးနိုင်ငံက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေ တက်ရောက်ခဲ့ပြီး၊ စာတမ်းပေါင်း သုံးဆယ်ကျော်ကို ဖတ်ကြား ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။