မန္တလေးမြို့က မျက်နှာပေါ် သရဲပုံဆေးချယ်ကြသူများ (ရုပ်သံ)
DVB
·
October 31, 2016

အထက်မြန်မာပြည် မန္တလေးမြို့မှာ အောက်တိုဘာလ၃၀ရက်နေ့ ညနေပိုင်းက Halloween Day အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကျင်းပရာမှာ Young Dream လူငယ်ပန်းချီအဖွဲ့က ကလေးတွေရဲ့ မျက်နှာတွေပေါ်မှာ ဂရစ်ဖစ်တီ ပန်းချီရေးဆွဲပြီး သရဲပုံဆေးချယ်ပေးတာတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။
မန္တလေးမြို့ 73 Oceans Super Center အနောက်ဘက် မင်္ဂလာ မန္တလေး အိမ်ယာအတွင်းမှာကျင်းပတဲ့ ဒီပွဲတော်မှာ ကလေးငယ်တွေနဲ့ လူငယ်တွေ အများအပြား ပျော်ရွင်စွာ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။
ရုပ်သံ - မျိုးနိုင်