DVB Logo
Home
မြန်မာသတင်း
ဒီ​ကေဘီ​အေနှင့်​ အစိုး​ရ သ​ဘောတူညီချက် သုံး​ချက် ရရှိ
DVB
·
November 4, 2011
ဒီ​ကေဘီ​အေနှင့်​ အစိုး​ရ သ​ဘောတူညီချက် သုံး​ချက် ရရှိ
1 / 2
Donate to DVB

တိုး​တက်​သောဗုဒ္ဓဘာသာ ကရင်အမျိုး​သား​တပ်မ​တော် (ဒီ​ကေဘီ​အေ) နဲ့​ အစိုး​ရတို့​ အပစ်အခတ် ရပ်စဲ​ရေး​ သ​ဘောတူညီချက် ရရှိသွား​ပြီဖြစ်ပြီး​ မကြာခင်မှာ အပစ်ခတ်ရပ်စဲ​ရေး​ ​ကြေညာသွား​ဖို့​ ရှိပါတယ်။

မ​နေ့​က ဒီ​ကေဘီ​အေ ကိုယ်စား​လှယ် အဖွဲ့​ဝင် ၇ ဦး​တို့​ဟာ အစိုး​ရရဲ့​ ပြည်​ထောင်စု အဆင့်​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ရေး​အဖွဲ့​ရဲ့​ ဒုတိယ​ခေါင်း​ဆောင် ဦး​သိန်း​ဇော် ဦးဆောင်တဲ့​အဖွဲ့​နဲ့​ ကရင်ပြည်နယ် ဘားအံမြို့မှာ ​တွေ့​ဆုံခဲ့​ကြတာပါ။

ဒီ​တွေ့​ဆုံမှုမှာ အချက်သုံး​ချက်ကို သ​ဘောတူညီချက် ရရှိခဲ့​တယ်လို့​ ဒီ​ကေဘီ​အေ တပ်ဖွဲ့​က ဗိုလ်မှူး​ဆန်း​အောင်က ​ပြောပါတယ်။

“အပစ်ခတ်ရပ်စဲ​ရေး​ကို ပထမဦး​ဆုံး​တည်​ဆောက်တယ်။ နံပါတ် ၂ က​တော့​ ဆက်ဆံ​ရေး​ရုံး​ ဆက်ဆံ​ရေး​စခန်း​အဖြစ် တည်​ဆောက်တယ်။ နံပတ် ၃ က​တော့​ နယ်​မြေ​တွေကို လက်နက်ကိုင်​ဆောင်ပြီး​ ​ကျော်လွှား​ဖြတ်သန်း​ရင် သတင်း​ပို့​စနစ်နဲ့​ သွား​လာဖို့​ အဲဒါ​တွေ တည်​ဆောက်ခဲ့​တယ်​နော်။”

ဆက်ဆံ​ရေး​ရုံး​ဖွင့်​မယ့်​နေရာ​တွေနဲ့​ ပတ်သက်လို့​လည်း​ ခုလို​ပြောပါတယ်။

“​လော​လောဆယ် အကြမ်း​ဖျဉ်း​က​တော့​ မြဝတီမြို့​ တခုရှိတယ်။ ​နောက် ကျန်တဲ့​ ဆက်သွယ်​ရေး​က​တော့​ ဘယ်မှာပြန်ပြီး​ တည်​ဆောက်မယ်ဆိုတာက​တော့​ အ​သေး​စိတ်မချရ​သေး​ဘူး​နော်။”

အပစ်အခတ်ရပ်စဲမယ့်​ ရက်နဲ့​ပတ်သက်လို့​လည်း​ ခုလိုဆိုပါတယ်။

“ဒီ ၆ ရက်​နေ့​မှာ နိုင်ငံ​တော်က ​ကြေညာမယ်လို့​ ကျ​နော် ထင်တယ်​နော်။”

နိုဝင်ဘာ ၅ရက် စ​နေ​နေ့​မှာ အပစ်အခတ်ရပ်စဲ​ရေး​ ​ကြေညာပြီး​ ၆ရက်​နေ့​မှာ ကရင်ပြည်နယ်တခုလုံး​မှာ အပစ်အခတ်ရပ်စဲသွား​ဖို့​ သ​ဘောတူလိုက်ကြတယ်လို့​ ဒီ​ကေဘီ​အေ​ခေါင်း​ဆောင် ဗိုလ်ချုပ်​စောလဲဘွယ် (​ခေါ်) ဗိုလ်ချုပ် နှုတ်ခမ်း​မွေး​က ​ပြောပါတယ်။

လက်ရှိမှာ​တော့​ ဒီ​ကေဘီ​အေနယ်မှာ အ​ခြေချထား​တဲ့​ အစိုး​ရတပ်​တွေကို ပြန်ရုပ်သိမ်း​ဖို့​ အစိုး​ရက မကြာခင် ထုတ်ပြန်ဖို့​ရှိတယ်လို့​လည်း​ ဗိုလ်မှူး​ဆန်း​အောင်က ​ပြောပါတယ်။

ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ ဦး​ဆောင်တဲ့​ ဒီ​ကေဘီ​အေ ကလိုထူး​ဘော တပ်ဖွဲ့​ဟာ နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ရေး​ကို ငြင်း​ဆန်ပြီး​ မနှစ်က နိုဝင်ဘာ ​ရွေး​ကောက်ပွဲ​နေ့​ကစပြီး​ အစိုး​ရတပ်ကို စတင်တိုက် ခိုက်ခဲ့​ပါတယ်။

တနှစ်ကြာတဲ့​အချိန်မှာ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ အစိုး​ရဘက်က ကမ်း​လှမ်း​ခဲ့​ပြီး​ အပစ်အခတ် ရပ်စဲ​ရေး​နဲ့​ ပတ်သက်လို့​ အစိုး​ရဘက်နဲ့​ ကရင်ပြည်နယ်ဝန်ကြီး​ရုံး​မှာ ​အောက်တိုဘာ ၂၆ ရက်က ပဏာမ ​ဆွေး​နွေး​ခဲ့​ပါတယ်။ နိုဝင်ဘာလ ၃ ရက် ဒုတိယ ​တွေ့​ဆုံပွဲမှာပဲ အခုလို အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူညီချက် ရရှိသွား​တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013