DVB Logo
Home
မြန်မာသတင်း
မြောက်ဦး အဝေးပြေးကားလမ်းအနီးတွင် လူသေအလောင်း တွေ့ရှိ
DVB
·
October 30, 2016
မြောက်ဦး အဝေးပြေးကားလမ်းအနီးတွင် လူသေအလောင်း တွေ့ရှိ
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အဝေးပြေးကာလမ်းအနီး ရေမြောင်းထဲမှာ လူသေအလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းက ပြောပါတယ်။

ဒီနေ့မနက် ၉ နာရီအချိန်က အလောင်းကို ရေမြောင်းထဲမှာ တွေ့ခဲ့တာလို့ ကျေးရွာ အုပ်ချုပ် ရေးမှူးတဦးက အကြောင်းကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့တယ်လို့ တိမ်းညို ရဲစခန်းမှ စခန်းမှူး ဦးထွန်းသာက ဒီဗွီဘီကိုပြောပါတယ်။

“အခုအချိန်အထိ နာမည်နဲ့နေရပ်လိပ်စာကိုလည်း စုံစမ်းလို့မရသေးဘူး။ စုံစမ်းနေတုန်းဖြစ်ပါတယ်။ ကျနော်တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူး အကြောင်းကြားလို့ သွားတဲ့အခါ ဒီနေ့ မနက် ၉ နာရီအချိန်ဖြစ်ပါတယ်။ ကားတိုက်တာဖြစ်နိုင်ပါတယ်။ ကျနော်ကတော့ အဲ့ဒီအမှုနဲ့ ပတ်သက်လို့ ရဲလုပ်ထုံလုပ်နည်းနဲ့ အမှုဖွင့်ဆောင်ရွက်နေပါတယ်ခင်ဗျ။”

အဲ့ဒီသေဆုံးမှုနဲ့ပတ်သက်လို့ မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းမှ ယာဉ်တိုက်မှုနဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

သတင်း - ဝဏ္ဏခွာညို (ဓာတ်ပုံ-၀ီရထွန်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013