DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း​ဒေသကြီး လွှတ်​​တော်​အ​ဆောက်​အအုံသစ် ဒီဇိုင်းပုံစံ အတည်ပြု
DVB
·
October 30, 2016
ဧရာဝတီတိုင်း​ဒေသကြီး လွှတ်​​တော်​အ​ဆောက်​အအုံသစ် ဒီဇိုင်းပုံစံ အတည်ပြု
1 / 7
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အဆောက်အဦးအသစ် ဆောက်လုပ်ဖို့အတွက် ဒီဇိုင်းတင်ဒါတွေ ခေါ်ယူခဲ့ပြီး အောက်တိုဘာ ၂၉ ရက်နေ့က ရွေးချယ်အတည်ပြုလိုက်ပါတယ်။

လွှတ်တော်အဆောက်အဦးသစ် ဆောက်လုပ်ဖို့အတွက် စီမံကိန်း (Master Plan) ပုံစံနဲ့ ဒီဇိုင်းပြိုင်ပွဲကို ကျင်းပခဲ့ရာမှာ ဒီဇိုင်းကုမ္ပဏီ ၂၂ ခုဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

မြန်မာနိုင်ငံ ဗိသုကာအသင်း ဒုဥက္ကဋ္ဌ နှစ်ဦး၊ မြန်မာနိုင်ငံဗိသုကာကောင်စီ အဖွဲ့ဝင် ၁ ဦး အပါအဝင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ဒုဥက္ကဋ္ဌ၊ လျှပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌ နှစ်ဦး၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး တို့ပါဝင်တဲ့ စိစစ်ရေးအဖွဲ့က ဒီဇိုင်း ၃ ခုကို ပမာဏရွေးချယ်ပြီး အောက်တိုဘာ ၂၉ ရက်နေ့မှာ Amenity Group က တင်သွင်းတဲ့ ဒီဇိုင်းကို အတည်ပြုခဲ့တာပါ။

အသစ်ဆောက်လုပ်မယ့် လွှတ်တော်အဆောက်အအုံမှာ ပင်မ လွှတ်တော် အဆောက်အဦအပါအဝင်၊ လွှတ်တော်ရုံး အရာရှိ ဝန်ထမ်းတွေရဲ့ ဝန်ထမ်းအိမ်ရာတွေပါ ထည့်သွင်းဆောက်လုပ်သွားမှာဖြစ်ပါတယ်။

လွှတ်တော်အဆောက်အအုံအသစ်ဆောက်လုပ်မယ့်မြေနေရာကို ပုသိမ် လေတပ်စခန်းအနီး ဝန်ကြီးအိမ်ရာဘေးမှာ ယာယီသတ်မှတ်ထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အနေနဲ့ လွှတ်တော် အဆောက်အအုံမရှိတဲ့အတွက် လွှတ်တော်အစည်းအဝေးတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းက အခန်းတစ်ခုမှာ ကျင်းပပြုလုပ်နေရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013