မိုးသည်းထန်ပြီး ဓာတ်တိုင်လဲသဖြင့် မြို့သုံးမြို့တွင် ဓာတ်အားပြတ်တောက်နေ
အောင်ကိုကိုလတ် (နေပြည်တော်)
·
October 30, 2016
အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂန့်ဂေါမြို့နဲ့ ကျောမြို့နယ်ခွဲကြားရှိ ရေပုတ်ကျေးရွာအနီး ၆၆ ကေဗွီဓာတ်အားလိုင်းတိုင် အောက်တိုဘာ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီလောက်အချိန်က ချောင်းအတွင်းသို့ ပြိုလဲကျသွားခဲ့ပါတယ်။
အခုလို ဓာတ်အားတိုင်ပြိုလဲကျမှုကြောင့် ဂန့်ဂေါမြို့၊ ကလေးမြို့၊ ဟားခါးမြို့တို့မှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေပါတယ်။
လျှပ်စစ်မီးအမြန်ဆုံးပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် သက်တိုင်ရာက တိုင်အစားထိုးတာ၊ တည့်မတ်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
Photo by Salai Houng Ha